အခန်း(၂၀)

15.9K 1.2K 35
                                    


"အဲ့လိုတွေ မခေါ်ပါနဲ့..၊ ကျွန်မကို အဲ့လိုတွေ လာမခေါ်နဲ့" ဟု အော်ကာ ပြောရင်း သူမ ကားပေါ်သို့ တက်လာရင်း စက်အားနှိုးကာ ထွက်သွားသည်ကို ဦးခန့်ညားအောင် လည်း ကြည့်နေမိတော့သည်။

မျက်ရည်စများနှင့် အံ့ကိုကြိတ်လျှက် ကားကို ဦးတည်ရာမဲ့ မောင်းလာရင်း မီးပွိုင့်တနေရာအရောက်ကြောင့် ကားအားရပ်လိုက်သည်။


အတားအစီးမရှိ ကျဆင်းလာသည့် မျက်ရည်စများကြောင့် ပျို ကိုယ်တိုင် အပြစ်ဖို့နေမိရင်းပင်။

"ငါ့ကျမှ ဘာလို့ အဲ့လောက် လောကဓံကကြမ်းနေရတာလဲ ...ငါကျမှ ဘာလို့လဲ " ဟု မာန်ပါပါနှင့် အော်ဟစ် အပြစ်ဖို့နေစဥ် အနောက်မှ အရှိန်နှင့်လာသည့် ကားတစ်စီးမှ ပျို့ ကားအား ဆောင့် ချလိုက်တော့သည်။​ထိုအချိန် အကြောက်တရားများ ဖုံးလွှမ်းစပြုလာသည့် ပျို့မျက်ဝန်းများမှာ ယုန်သူငယ်လေးနှင့် တူ၏။ ထိုနောက်မျက်စိတစ်မှိတ်အတွင်း ပျို့ ဘေးခုံဘက်ရှိအခြမ်းမှ လာနေသည့် ကားတစ်စီးမှ အရှေ့ကို ထွက်လာသည့် ပျို့ ကားအား အရှိန်နှင့် ဝင်တိုက်ပြန်ပါသည်။​

မှန်ကွဲစများနှင့် အတူ ကားမှာ တစ်လိမ့်ပြီး တစ်လိမ့် လိမ့်မှောက်ဆင်းသွားရင်း ကားထဲရှိ ပျို့မျက်ဝန်း များမှ အကြောက်တရားများနှင့် အတူ မျက်စိနှစ်ဖက်အား စုံမှိတ်ချလိုက်တော့သည်။​

"ဒီဘဝ ဒီမျှ ပဲ ပေါ့ " ဟု စိတ်မှ ရေရွတ်ရင်းပင်။

ပလက်ဖောင်း ဘေး တွင် မှောက်လျှက်သား ဖြစ်နေသည့် ကားနှင့် အထဲ တွင် ဒဏ်ရာ အပြည့် ဖြစ်နေသော ပျို။

​~~~~

မြူမှုန်များကျဆင်းနေသည် သို့သော်လည်း ဝိုးတိုးဝါးတားသာ မြင်နေရသည့် ကတ္တရား လမ်း ကြီးပေါ်တွင် ခြေဗလာနှင့် လျှောက်လာသူမှာ ပျိုပင်။​

"သွားသင့်တဲ့ လမ်းပါလေ ...၊ ငါ သွားထိုက်ပါတယ် " ဟု နှုတ်မှ လည်း ရေရွတ်နေရင်း မျက်ရည်စများနှင့် အတူ လျှောက်လာသည်။ ဖြစ်ပျက်ခဲ့သမျှ တွေလည်း ပြဇာတ်ကဲ့သို့ တစ်ခန်းချင်းစီ မျက်လုံးထဲ ပြန်မြင်ယောင်လာမိသည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now