အပိုင်း(၆)

8.8K 234 4
                                    

"အာ တီချယ်လောက်မလှပါဘူး"
ထိုစကားပြောလိုက်သည့် ရွယ်ကြောင့် နီနီလည်း ပျို့အပေါ်အားနာသွားတော့သည်။ ပျိုလည်း ရွယ်ကို မသိမသာ မျက်စောင်းတွေကြီး လှိမ့်ကာ ထိုးနေတော့​၏။ရွယ်လည်း မသိစိတ်မှနေ၍ ပျို​၏ မျက်စောင်းများအား အတော်သဘောကျလျှက်ရှိနေတော့သည်။

ထိုမှအပြန်ကားပေါ်တွင် ပျိုလည်း သူမကားပေါ်မှနေ၍ ရွယ်နှင့်ပျို ကိုကားပေါ်မှ ကြည့်နေမိတော့​၏။ရွယ်မှာ ကားပေါ်တက်ခါနီး နီနီအတွက် ကားတံခါးဖွင့်ပေးပုံ၊ ခေါင်းထိမှာစိုးသည့်အတွက် ခေါင်းလေးကာပေးပုံမှာ ဘေးလူအတွက် တကယ်ကိုကြည်နူးစရာပင်။

"ဟွန့် တူမလည်း မဟုတ်၊ သမီးလည်း မဟုတ် ညီမ လည်းမဟုတ်ပဲနဲ့များ ..၊ အဲ့လို သဘာဝနဲ့ဆန့်ဆန့်ကျင်ကျင်များ" ဟုပြောကာ ကားနှင့်ထွက်သွားတော့သည်။

တစ်ဖက် နီနီနှင့် ရွယ့်ကားပေါ်တွင် မောင်းသူနေရာတွင်ထိုင်သည့် ရွယ့်မှ ဘေးရှိနီနီအားမေးတော့​၏။

"တီချယ်.. "
"ဟင်"
"သူနဲ့တီချယ်က အရမ်းရင်းနှီးတာလား"

"အင်း..အဲ့လောက်လည်းမဟုတ်ဘူး၊ မမပျိုက ဖေဖေ့တပည့်လေ ..အတော်ဆုံး တပည့်ပေါ့ ပြီးတော့

တွေ့တယ်မလား လှတယ်လေ သူက လှသလောက် ဉာဏ်လည်းထက်တယ် ..ဒါပေမဲ့ သူ့မကောင်းတဲ့အချက်က မာနကြီးတာပဲ "
"အင်း...ရွယ်သိတယ် သူအကြောင်းတွေကြားမိတယ်"
"အင်း မမပျိုမှာ ရည်းစားတော့အဲ့တုန်းကရှိတယ်ရယ်..အခုရော အဲ့အစ်ကိုကြီးနဲ့ပဲလားမသိဘူး"
"ဟင် အဲ့ဒါတော့မသိဘူး ဟိုးလေးတကျော်ကျော်ကတော့ သူဟာ ပေါင်းရသင်းရခက်တဲ့အမျိုးသမီးဆိုတာပဲ"
ထို့နေ ည ...

ရေမိုးချိုးပြီး သူမအခန်းထဲတွင် ထိုင်ကာ သူမ​၏ ဂုတ်ဝဲခန့်ရှိသော စိုရွှဲနေသည့်ဆံပင်အား ခြောက်အောင်ပြုလုပ်နေသူမှာ ရွယ်။

"ငါဆံပင်တွေရှည်လာပြန်ပြီ...ညှပ်ချဦးမှပဲ"ဟု ပြောရင်း သူမအတွေးစိတ်ထဲ ဝင်လာသူမှာ ပျိုပင်။ ကားပေါ်တက်နီး လေတစ်ချက်အတိုက်တွင် စည်းထားသောလည်း လွင့်စပြုနေသည့်ဆံနွှယ်အလှပိုင်ရှင် ပျို။

"ဒီအမျိုးသမီး အတော်တော့ လှလှ" ဟုပြောရင်း သူမအားမျက်စောင်းထိုးပုံ၊ လမ်းလျှောက်ပုံ များအားမြင်ယောင်လာသည့်အတွက် ပြုံးမိတော့သည်။

အန်တီရဲ့ ကြယ်(Completed )Tahanan ng mga kuwento. Tumuklas ngayon