"ရွယ်လင်းမောင်..ရူးကြောင်ကြောင်တွေ ငါ့ကိုလာမပြောနဲ့ ။ နင် ပေးမယ်ဆိုတာ ငါ့ကို မခံချင်အောင် ပြောတာလို့ပဲ ပြောစမ်းပါ ...လက်ထိပ်တွေ နာမှာဆိုးလို့တောင် သိပ်ချစ်ပါတယ် ဝါသနာပါပါတယ်ဆိုတဲ့ ဂစ်တာတီးတာကို စွန့်ပစ်ခဲ့တဲ့ သူက "
"နင့် အမေ မရှိတော့မှာကို ငါပိုဆိုးတယ် ...."
ထိုစကား ပြောသည့် ရွယ့်မျက်လုံး များ၏ စိတ်ရင်းကို ဆုဆု ကောင်းစွာ သိသည်။
"သေလိုက်..."
ဆုဆု တုံပြန်ပုံ မှာ ပြတ်သားလှသည်။
"ဘာ ..."
"အွန်း ..ကြားတဲ့ အတိုင်းပဲသေလိုက်လို့ "
"ဆုဆု ...။ ငါ နင့်ကို တောင်းပန်ပါတယ် ဟာ ။ ငါ့တကယ် ရှစ်ကြီးခိုးပါရဲ့ ။ ငါ တကယ့် နင်အပေါ် ကစားခဲ့သလို ဖြစ်သွားပါတယ် ငါတကယ် တောင်းပန်ပါတယ် ။ " ဟု ဆိုလျှက် ဆုဆု လက်များအား ကိုင်ရင်း တောင်းဆို နေသည်။
ဆုဆု မှ ကိုင်ထားသည့် လက်များကို တွန်းကာ ဖယ်လိုက်တော့သည်။
"ဒါဆို ..ငါကရော "
ဆုဆု မျက်ဝန်းများမှာ လေးလေးနက်နက် ဖြစ်လာသော်လည်း ရွယ် သက်ပြင်းချမိရုံသာ ။
"ဆု..."
"ငါကရောလို့...ငါမေးတာကိုသာ ဖြေပါ ။ နင့်ကို ချစ်နေတဲ့ ငါကရော .... ။ ငါမှာလည်း နာကျင်တတ်တဲ့ နှလုံးသားနဲ့ဟ ...ဒေါ်ပျိုမြင့်မြတ်ချယ်တစ်ယောက်တည်း နာကျင်နေတာ မဟုတ်ဘူး ။ဟောဒီ..ဒီ ရင်ဘက်ကြီးက လည်း နာကျင်လွန်းနေပါပြီ ။ နင်ကိုယ်ချင်းစာ ပေါ့ .. ပျိုမြင့်မြတ်ချယ် နာကျင်နေတာကိုတောင် နင်မကြည့်ရက်လို့ နင့် နှလုံးသား ကြီး တစ်ခုလုံးကို ပေးမယ် ကြံရွယ်နေရင် ၊ နင့်ကို ချစ်တဲ့ ငါ ဘယ် စိတ်နဲ့ ဘယ် နှလုံးသား နဲ့များ နင်အသေခံပြီး လှူမဲ့ အရာကိုကြည့် နေရမှာလဲ "
"ငါတောင်းပန်ပါတယ် ဆုရယ် ..."
"ရူးတာ ထမင်းလွတ်ဟင်းလွတ် ရူးစမ်းပါ ...။သီရိ တို့ မသိဘူးလာ ဒီ ရူးကြောင်ကြောင် plan ကို "
"ဆု.. ငါလှူတာ အခြားသူကို မဟုတ်ဘူးနော် ။ နင့်ကို မွေးခဲ့ တဲ့ နင့် အမေကို "