အခန်း(၂၂)

14.4K 991 24
                                    

"ဒီလောကကြီးသိနေတာ ပိုလွယ်ကူတာပေါ့" ဟုဆိုရင်း သူမ ရှေ့တွင် ချထားသည့် ကော်ဖီ ခွက်ကိုယူကာ သောက်လိုက်တော့သည်။

"သမီး ဘာတွေ စဥ်းစားနေလဲဆိုတာ ဦးတောင် မမှီနိုင်တော့တဲ့ level တစ်ခု ရောက်သွားပြီထင်တယ်"

"ဆု တတ်နိုင်တာ မှန်သမျှ လုပ်ပေးမှာပါ ၊ ဦး ဘက်ကလည်း တာဝန်ကျေ ဖို့လိုမယ်"​

"ဟားဟားဟား.....သမီးက သိပ် ဥာဏ်ကောင်းတာပဲ​၊ သမီး စကားပြောပုံကို ဦးဖြင့် သဘောတောင်ကျနေပြီ"

တစ်ဖက်ရှိ ဆေးရုံတွင် လူနာကို ပြုစုရင်း အားရသည်ကို မရှိသည့် ရွယ့် ကို အန်တီသင်း ထိုင်ကြည့်မိရင်း အစ်မ ဖြစ်သူ အဖို့ ပီတိ ဖြာနေရသည်။

"ရပါပြီ...အိမ်ပြန်ပြီး နားတော့ " ဟု လေသံနှင့် တိုးတိုးလေးသာ ပြောသည့် ပျို ။

"ဟင့်အင်း..." ဟု ဆိုလျှက် ဘေးရှိ ဆေးထုပ်များအား သိမ်းရင်း အလုပ်များနေသည်။

ထိုစဥ် ထိုင်နေရာမှ သင်းသင်း ချက်ချင်းဆိုသလို အလျှင်မြန် ပျို့ နားသို့ ထလာရင်း ပြာပြာသလဲ ပျို့ အား ခေါ်နေတော့သည်။

"မမပျို...မမ၊ မမ အဆင်ပြေရဲ့လား"

ထိုစကားကြောင့် ကျောပေးကာ အလုပ်များနေသည့် ရွယ်လည်း ပျို့အား လှည့်ကြည့်လိုက်တော့၏။

ပါးစပ်မှ သွေးများ အန်နေသည်ကို ရွယ် မြင်တွေ့လိုက်ရသည့်အတွက် ခြေထောက်များ နောက်သို့ယိုင်ကျသွားရင်း ကြောင်သွားတော့သည်။

"မမပျို ....မမ"

သင်းသင်းလည်း ဆရာဝန်အား အလျှင်မြန်ထွက်ခေါ်ချိန် တအံ့တသြနှင့် ကျောက်ရုပ်သဖွယ်ဖြစ်နေသည့် ရွယ့်ဆီ မျက်ဝန်းတစ်စုံမှ အသနားခံနေသည့် အဓိပ္ပါယ်များနှင့် အတူ ကြည့်နေရင်းမကြာ ဆရာဝန်များ ဝင်လာတော့သည်။

"ဒေါ်ပျိုမြင့်မြတ်ချယ်...ဒေါ်ပျိုမြင့်မြတ်ချယ်" ဟု ခေါ်နေသူမှ ခေါ်၊ "မမရယ်" ဟု နောက်မှ ခေါ်သူမှ လည်း ခေါ်နေသော်လည်း မည်သည့် စကားများမှ ပြောမထွက်နေပဲ ကျောက်ရုပ်သဖွယ်ဖြစ်နေသည့် ရွယ် ။​

သတိရှိနေသည့် ပျို လည်း သိပ်မကြာ မေ့မျောသွားသည့် အတွက် အရေးပေါ်ခန်းထဲ ထည့်ရန် ကြိုးစားနေချိန် ရွယ် ဒူးများထောက်ကျသွားတော့သည်။ သူမ မျက်ဝန်းများမှာ မျက်ဝန်းသေများနှင့်သာ ။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now