အခန်း(၂၅)

13.5K 972 17
                                    

"မောင်ရဲ့ ခေါ်သံ ပေါ့ ၊ ကျွန်မ လေ မောင်နဲ့ မတွေ့ခင် က အိပ်မက်တွေကအစ ပျောက်ဆုံးနေခဲ့တဲ့ သေပြီးသားလူလိုပဲ​ ဒါပေမဲ့ မောင်နဲ့ တွေ့ကာမှ ကျွန်မ ဆယ်ကျော်သက်လေး ပြန်ဖြစ်ချင်နေမိတယ် မောင် "​

"ပျိုရယ်...."​

ထိုစကားဝိုင်းကို အစအဆုံး အကုန်ကြားလိုက်သည့် အခန်းဝ ရှိ ဆုဆု လည်း မျက်ရည်များ ကျဆင်းလာတော့သည်။ သို့သော် ထိုမျက်ရည်များကြောင့် ဆုဆု စိတ်တွေ ပိုမို တင်းကျပ်လာသည်။

"တောက်.." ဟု ခေါက်သံနှင့် အတူ လှည့် ထွက်သွားတော့သည်။

လူနာခန်းထဲ တွင် ပျို့ လက်လေးများကို ရေစိုဝတ်လေးနှင့် သုတ်ပေးနေသူ ရွယ့် ကြောင့် အန်တီသင်း အားနာနေရသည်။

"သမီးရယ် ..အန်တီ လုပ်ပါ့မယ် ၊ သမီး က နားလိုက်ပါ "​

သို့သော်လည်း ပျို့ မှာ ပြုံးလျှက် ရွယ်ကို ကြည့်နေမိသည်။

"ရတယ် အန်တီ ၊ အန်တီ နားပါ ရွယ် လုပ်ပေးပါ့မယ်"
"သင်း သင်း .." အားပျော့ပျော့ခေါ်သည့် ပျို့အသံ။

"ရှင်မမ"

"ထားလိုက်ပါ ညီမလေးရယ် ...သူ လုပ်ပေးပါစေ"
"ဟုတ်ကဲ့မမ"
သင်းသင်းလည်း အစ်မဖြစ်သူ ပီတိဖြာရင်း ကြည့်နေပုံလေးကိုကြည့်ရင်း သနားလည်း သနားမိ ပျော်လည်း ပျော်ရွှင်မိနေတော့သည်။

"မမပျို ..ဒီလို မပြုံးတာ ကြာပြီ" ဟု စိတ်ထဲမှ ရေရွတ်မိရင်းပင်။

"ဒါနဲ့ ...ဆုဆု ကို မတွေ့ပါလား ၊ သူမပါလာဘူးလား ဒါမှမဟုတ် တို့ သတိမေ့နေတဲ့အချိန်မှာမှ သူရောက်လာလို့လား"

ဆု့အကြောင်း မေးလိုက်သည်နှင့်အမျှ ရွယ့်မျက်နှာ အနည်းငယ် ပျက်သွားသည်။

"လာတယ်မမ ..မမ နိုးနေတဲ့အချိန်နဲ့မကြုံနေတာ ၊မမ ပျို တွေ့ချင်ရင် သင်းသင်း ခေါ်ပေးမယ်လေ"

အန်တီသင်းပြောသည့် စကားကြောင့်ပျို့မျက်ဝန်းများ ရွယ်ဆီရောက်လာသည်ကိုရွယ်သတိဝားမိသည်။

"ရပါတယ်ကွယ် "
ထိုစဉ် ရွယ်မှ ပျို လက်လေးအား ကိုင်လိုက်ရင်း ပြုံးလျှက်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now