အပိုင်း(၉)

20.1K 1.3K 30
                                    


"အန်တီသိလား ..တောင်ကျချောင်းက စီးတဲ့ရေကိုသာ တားရင်တားလို့ရကောင်းရမယ် ဒီက အန်တီကို ချစ်ပြီးပြိုကျစီးနေတဲ့ရေကတော့ ဘယ်သူကိုမှ ဘယ်လိုမှတားမရတာသိလား" ဟု ရွယ် သူမကို ပြောရင်း ချည်သွားပေးသည်ကို သတိရသွားတော့သည်။

"တောက်..." ဟုခေါ်မိသော်လည်းသူမ အနည်းငယ်ပြုံးမိသည်ကို သူမ ကိုယ်တိုင်တောင်သတိမထားမိချေ။
ထို့နောက် ပျိုမှာ ထိုကဲ့သို့ ချည်ထားသည့်scarf အားဖြည်လိုက်ချိန် စက္ကူလေးတစ်ရွက်လိပ်ရာလေးနဲ့ထွက်လာတော့​၏။

ပျိုလည်း ထိုစက္ကူကို ဖွင့်ရန် ဟန်အပြင် ရုံးတံခါးခေါက်သံကြားလိုက်ရသည့်အတွက် ထိုစက္ကူအား အံဆွဲထဲ ထည့်လိုက်တော့သည်။

"မမပျို"
ဝင်လာသူမှာ ငယ်ငယ်။
"အေး..."
"ဒါလေး Luna ကုမ္ပဏီက ပို့လိုက်တာတဲ့"ဟုပြောရင်း အနည်းငယ်ကြီးသည့် ဗူးကြီးကို ပျို့ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် တင်လိုက်တော့​၏။

"ဘာကြီးတုန်းဟ" ဟုပြောရင်း လှလှပပလေး ဖဲပြားလေးများနှင့် ချည်ထားသည့် ထိုဗူးအား သူမလက်ချောင်းလှလှလေးများနှင့် ဖြည်နေတော့သည်။
ထိုဗူးထဲတွင် ရှိနေသည့်အရာလေးမှာ ပိုးထည်အပြာဝမ်းဆက်လေးပင်။ အပေါ်တွင်လည်း စာအိတ်တစ်အိတ်ပါသည့်အတွက် ပျိုလည်း ထိုစာအိတ်လေးကိုဖွင့်ကာ ဖတ်လိုက်တော့သည်။

" ဒေါ်ပျိုမြင့်မြတ်ချယ် ...ဝတ်နော် ၊ ပွဲနေ့ကျ ဝတ်ခဲ့ပါနော် ...ရွှေမင်းသမီး ပိုးထည်တိုက်ကို အကူညီတောင်းပြီ ဒေါ်ပျိုမြင့်မြတ်ချယ်အတွက် သီးသန့် ချုပ်ခိုင်းလိုက်တာ ဝတ်နော်" ဟု လက်ရေးဖြင့်ရေးထားသည့် ဦးကိုလတ်​၏ စာတစ်စောင်ကို မြင်လိုက်ရတော့​၏။

"တောက်..."ဟုခေါက်ရင်း သူမ လက်ကိုင်အိတ်နှင့် ကားသော့အားယူကာ ထွက်မည့်အချိန် ဟူး ဟုသက်ပြင်းချလျှက် နောက်သို့ပြန်ဆုတ်ကာ သူမ နေရာတွင် ပြန်ထိုင်လိုက်တော့သည်။

"ကျွန်မ အတွက် သံပရာချဉ်ချဉ်လေးတစ်ခွက်လောက်"ဟု ပြောသည့် ပျိုအသံမှာ အားအတော်မရှိပေ။

"ဟုတ်ကဲ့မမ" ဟုပြောရင်း ငယ်ငယ်လည်း လျှင်လျှင်မြန်မြန် ထွက်သွားတော့သည်။ပျိုလည်း ဇက်ကြောများ ချိုးနေရင်း သူမ​၏ ဆံပင်များအား ညှပ်ထားသည့် ဆံညှပ်ကိုပါ ဖြည်ချလိုက်တော့​၏။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now