အခန်း(၁၈)🔞

12.8K 214 1
                                    

"တို့ဆီကို ..ပြန်လျှောက်မလာရင် ၊ တို့ မောင့် နားကို လာရလိမ့်မယ် " ဟု ပြောရင်းအပေါ်ဗလာဖြစ်နေသည့် ကိုယ်လုံးများနှင့် သူမအားကျောပေးထားသည့် ရွယ်ဆီသို့ လျှောက်လာသည်။ အရိပ်မြင်နေရသည့် ရွယ်လည်း တုန်ယင်လာပြီ သူမ မျက်လုံးများအား ပိတ်ချလိုက်တော့​၏။

"မျက်လုံးက ဘာလို့မှိတ်ထားရတာလဲ​"​ဟု သူမ မေးသည့်မျက်လုံးများ​၏ အနက်အဓိပ္ပါယ်မှာ လေးနက်လွန်းလှသည်။

"မောင်က သိပ်အတ္တကြီးတာပဲ"ဟု ပြောသည့် ပျို့အသံကြားမှ ရွယ့်မျက်လုံးလေး ပွင့်လာတော့သည်။
ပထမဆုံး မြင်လိုက်ရသည်မှာ သူမကို အဓိပ္ပာယ်အမျိုးမျိုးရှိနေသည့် မျက်ဝန်းများနှင့် ကြည့်နေသည့် ပျို​၏ မျက်ဝန်းနက်တစ်စုံကိုသာ။ လူကောင်အနည်းငယ်ကြီးသည့် ပျို​၏ ရင်အုံများမှာရွယ့် မျက်နှာ ရှေ့တည့်တည့် ပင်။
ထိုကဲ့သို့ လုံးဝန်းနေသော အရာများကို မြင်လိုက်သည်နှင့်အမျှ ရွယ် အနည်းငယ်တုန်လှုပ်စပြုလာသည်။
"အန်တီသာ ပန်းလေးတစ်ပွင့်ဆို ၊ ဖူးပွင့်ခြင်းက စလို့ ညှိုးသွားသည်အထိ မောင် ပဲ တာဝန်ယူလိုက်ချင်ပါတော့တယ်ကွာ"

ဟု ဆိုရင်း သူမ ​၏ ခြေဖျားများအားထောက်လျှက် လေးကိုင်းသဏ္ဌာန် ထူနေသည့် ပျို​၏ နှုတ်ခမ်းလေးကို ဖွဖွလေး ထိလိုက်​၏။

ပျို့မျက်လုံးများ မှေးသွားသည်။

"တန်ဖိုးမထားသလို ဖြစ်သွားမှာ အရမ်းဆိုးတယ်" ဟု ဆိုရင်း ရွယ့် ခြေလှမ်းများ နောက်ဆုတ်လိုက်ပြန်သည်။

ထိုစကားကြောင့် ပြုံးလိုက်မိသူမှာ ပျိုပင်။ ထို့နောက် ကုတင်ပေါ်တွင် တင်ထားသည့် သူမ ​၏ ကုတ်အင်္ကျီအရှည်အား လွှမ်းခြုံးလိုက်သည်။

"တို့က မောင် အဲ့လို တန်ဖိုးထားရလောက်တဲ့ သူမှမဟုတ်တာ" ဟု ပြောရင်း ကုတင်ဒေါင့်လေးတွင် ထိုင်ရင်း ငိုင်နေတော့သည်။

"အနားလာထိုင်လို့ရမလား"

ထိုင်နေသည့် ပျိုလည်း ရွယ့်အားသေချာကြည့်လိုက်သည်။

"ဘာလို့ အဲ့လို ခွင့်တောင်းနေရတာလဲ ၊ ဘာမဆို မောင် လုပ်ပိုင်ခွင့်တွေ တို့ပေးထားရက်နဲ့"

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now