အပိုင်း(၇)

21K 1.3K 75
                                    

"ဟင်းဟင်း ...ငါကိုစိန်ခေါ်နေတာပဲ ဒီအပျိုကြီးတော့"ဟုရယ်ကာပြောရင်းနှုတ်ခမ်းအားကိုက်ကာ ထွက်သွားသည့် ပျိုအား ကြည့်ကာ ပြောတော့သည်။

"တောက်..." ပျိုလည်း ရှက်ရှက်နှင့် ကား ပေါ်အရောက် တောက်ခေါက်နေတော့၏။အတွင်း ရေးမှူး မလေးလည်း ပျို ၏ အရိပ်အခြေအား ကြည့်ကာ အနောက်ခန်းတွင် ထိုင်နေတော့သည်။ထို့နောက် ပျိုလည်း ဒေါသထွက်လာသည့်အဆုံး ကားပေါ်မှ ပြန်ဆင်းကာ ဆိုင်ထဲ ဝင်သွားရင်း ရွယ်ရှိရာနေရာသို့ လျှောက်လာတော့၏။

"ဘာလို့ ....ပြန်ရောက်လာတာတုန်း သတိရလို့လား" ဟု ပြန်ရောက်လာသည့် ပျိုကို ကြည့်ရင်း ရွယ်လည်းမေးတော့သည်။

ပျိုလည်း ဒေါသထွက်ထွက်နှင့် လက်သီးအားဆုပ်ထားမိတော့သည်။

"မင်း ....ငါကို ဘယ်လို မိန်းမ ထင်နေတာလဲ "​ဟု ပြောလိုက်တော့၏။

"ကျွန်မ မိန်းမဖြစ်မဲ့ မိန်းမလေ" ဟု လျင်လျင်မြန်မြန်ဖြေသည့် ရွယ်ကြောင့် စိတ်တွေ ပိုဆိုးမိတော့၏။

"ဘာ..."

"အန်တီ ဘာတွေ တွန့်တိုနေတာလဲ "ဟု လက်သီးဆုတ်ထားသည့်လက်အား လှမ်းကိုင်လိုက်ရင်း ထိုလက်ကို ကြည့်နေရင်း နမ်းလိုက်တော့သည်။အဖြစ်အပျက်မှာ မြန်ဆန်လွန်းသည့် အတွက်ပျို တားချိန်မရလိုက်ပေ။သို့သော် ချက်ချင်းဆိုသလို လက်ကို ပြန်ဖယ်လိုက်တော့သည်။

"မင်း ဒါ ဘာလုပ်တာလဲ "

"ဘာလဲ ပါးကို ချမလို့လား ...ချမနေပါနဲ့ ၊ ပါးကို ချရင်တော့ ဒီပါးကို ချခဲ့တဲ့အတွက်အန်တီကို သမီး ပြန်ချမှာရယ်..ဒါပေမဲ့ ပါးတော့မဟုတ်ဘူး"​ဟု ပြောရင်း ရယ်လိုက်သည့်အတွက် ပျို အတော်ရှက်သွားတော့သည်။

"မင်း...မင်း ကွာ "​ဟု ပြောရင်း ပြန်ထွက်သွားတော့၏။

"လွယ်တော့မလွယ်ဘူး အတော်ကို ခက်ခဲတဲ့ အပျိုကြီးပဲ​" ဟု နှုတ်ခမ်းကိုက်ကာ ပြောသည့် ရွယ် အကြည့်များမှာ ပျိုကို ချစ်နေသည့် အရိပ်အယောင်များ လွှမ်းမိုးနေတော့၏။

ညနေစောင်း သူငယ်ချင်းများနှင့်အတူ ရွယ်လည်း သူအခန်းထဲရှိဆိုဖာတွင် ထိုင်နေရင်း သရဖီနှင့် သီရိ ဆီ မှ ဇာတ်တိုက်ထားသကဲ့သို့ အသံထွက်လာတော့သည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now