အခန်း(၄)

24.1K 1.4K 44
                                    

"ရော့ ဒီမှာ...ပိုင်ဆိုင်ကြောင်းလက်မှတ်ထိုးဦး"

"ဟုတ်ပြီ...ကျွန်မ ခဏ နေပြန်ဆင်းလာမယ်" ဟု ပြောရင်း အပေါ်တက်သွားတော့၏။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ပေါ့ပေါ့ပါးပါး ဝတ်စုံနှင့် ပြန်ဆင်းလာသည့် ပျို။

"ကဲ ..ရပြီ" ဟု ပြောရင်း သူမ ထိုင်နေကျဆိုဖာတွင် ထိုင်လိုက်စဥ် သူမ မွေးထားသည့် ခွေးလေးနှစ်ကောင်မှာလည်း ပြေးလာကာ သူမ ဘေးတွင် လာထိုင်နေတော့၏။

"ရော့...ဒါ လက်မှတ်ထိုးဖို့ စာချုပ်တွေ" ဟု အစ်ကို ဖြစ်သူ လည်း ပေးစဥ် သူမ ရင်ဘက်တွင်ချိတ်ထားသည့် မျက်မှန်အား ယူကာ တပ်ရင်းစာချုပ်ပါ အချက်အလက်များအား စစ်ဆေးနေသည့် ပျို ပုံကို ကြည့်ချင်းဖြင့် စည်းစနစ်ကျသူမှန်းသိသာစေသည်။

"အဆင်ပြေပါတယ် " ဟု ပြောချိန် သင်းသင်းလည်း ဘောပင်ကို အစ်မဖြစ်သူ အား အဆင်သင့် ပေးတော့၏။ထိုသည်ကို မြင်နေသည့် ခိုင်စံပယ် မှာ ပျို အပေါ် အားကျနေရတော့သည်။

"ကား က အပြင်ပန်း ကြည့်ရတာနဲ့တင် အဆင်ပြေတဲ့ပုံပါ "​

"ဟုတ်တယ် ....အလန်းကြီး new modelနဲ့ အင်ဂျင်က ..." အစ်ကို ဖြစ်သူတောင် စကားမဆုံးသေး လက်ထောင်ပြလိုက်တော့သည်။

"ရပြီး ကျေးဇူး ပဲ ..."

"သားတို့ မနက် ဖြန် ည ကျ အိမ်မှာ ထမင်းလာစားကြလေ"​ဟု ပြောသည့် မိခင်ဖြစ်သူ စကားကြောင့် ပျိုလည်း ကြည့်လိုက်တော့၏။

"သမီး မနက်ဖြန် မအားဘူး မာမီ"​ဟု ပြောရင်း စာချုပ်များ ကိုင်ကာ သူမ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

မိခင်ဖြစ်သူလည်း သမီးဖြစ်သူ ထိုကဲ့သို့ ပုံစံကို ကြည့်ရင်း အတော်ကို စိတ်မကောင်း၊စိတ်ညစ်နေရပေမဲ့ ထုတ်မပြောခဲ့ပေ။

နောက်တနေ့ သူမ ၏ နောက်ဆုံးပေါ် ကား အသစ်ကြီးနဲ့ စတိုင်ကျကျ ရုံးသို့ ရောက်လာသည့် ပျိုကြောင့် ရုံးရှိ ဝန်ထမ်းများ အတော်ကို ရှိန်နေကြတော့သည်။

"မောနင်းပါ မမ.."

"မမ ဒီနေ့ သိပ်လှ" ဟု အသီးသီး ချီးမြှောက်နေကြပေမဲ့ သူမ မျက်နှာ တွင် အပြုံးပန်း မရှိပေ။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now