အခန်း(၂၆)

5K 133 2
                                    

"ဟုတ်ကဲ့ ...ဒါဆို အပြင်မှာ ရှိနေမယ်နော်"ဟု ပျို့ကို ပြောကာ နဖူးလေး နမ်းလိုက်သည့်အတွက် အခန်းထဲရှိ သူနာပြုမလေး နှစ်ဦး ရှက်စိတ် ဝင်လာတော့သည်။

လူနာ အခန်း ပြင်ရှိ ခုံလေးတွင်ထိုင်လေး တွင်ထိုင်နေရင်းလည်း နားထဲ တွင် ပျို့ စကား သာ ကြားနေမိသည်။

"မငိုပါနဲ့ကွယ်..ကျွန်မကို ချစ်ရင် မငိုပါနဲ့ "

ထိန်းထားသည့် မျက်ရည်များများလည်း ချောင်းပေါက်မည့် အနေထား ဖြစ်လာသည်။

"ဟူး ..."

ထိုစဉ် နားထဲ ကြားလာမိသည့် သီချင်း အသံ - ချစ်သူသိစေ (ခင်မောင်တိုး​)​။ထိုသီချင်းသံလေးကြောင့် ချက်ချင်းဆိုသလို မျက်ရည်များ လည်း ထိန်းမရဖြစ်လာပြီ မျက်လုံး ထဲမယ်ပျို့ ၏ ပုံရိပ်များသာ ဝင်ရောက်လာသည်။

နှင်းဆီ ပန်း အနီလေးအား နားတွင်ပန်ဆင်ထားကာ အနီရောင် မြန်မာ ချိတ်ဝမ်းဆက်လေး နှင့် တစ်လှမ်းချင်း လျှောက်လာသည့်ပျို့ရဲ့ ပုံရိပ်များ ၊ သူမ​၏ ဆံပင်လေးအား သပ်လိုက်ပုံ နှင့် အခြားသူများအား ရယ်ပြနေပုံ ဟန်ပန်များကို မြင်ယောင်လာမိသည်။

"ချစ်သူ သိ စေ "​ဟု နှုတ်မှ လည်း ရေရွတ်မိနေချိန် အခန်းတံခါး အဖွင့် ပျိုလည်း ခေါင်းလေး စောင်းလျှက် ရွယ့်သီချင်း လိုက်ဆို ညည်းနေပုံကို မြင်လိုက်ရသဖြင့် ပြုံးမိသည်။ထို့နောက် လူနာ အခန်းထဲ အား တပြုံးပြုံးနှင့် ဝင်လာရင်း ပျို့ နားတွင်ထိုင်လိုက်ကာ လက်လေးကို ကိုင်လိုက်တော့သည်။

"သီချင်းတွေ လိုက် ဆိုနေတာလား ဟုတ်လား " ဟု ပျို့လည်း ရွယ် မျက်ဝန်းများအား ကြည့်လျှက် ပြောသည်။

"အင်း...ရုတ်တရက် အဲ့ သီချင်းလေး ကြားလိုက်တာ မျက်လုံးထဲ မြန်မာကားတွေ ထဲကလို ပျို့ ကို မြင်နေမိလို့ "

ရွယ့် စကားကြောင့် ပျို ရှက်စိတ်ဝင်လာရင်း ပါးမို့လေး ရဲ လာတော့သည်။

"အို...ကျွန်မက မောင့် စကားအရဆို မင်းသမီး ပေါ့လေ "

"မင်းသမီး ထပ်ပိုလှတယ်" ဟု တွေဝေခြင်းမရှိပဲ ဖြေသည့် ရွယ် ကြောင့် ရှက်ပြုံးလေး ပြုံးနေသည့်ပျို ။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now