အပိုင်း(၅)

24.4K 1.4K 19
                                    

"တီချယ် ...လုပ်ပြီနော်"ဟု နီနီမျက်လုံးများအားကြည့်ကာပြောတော့သည်။

"ဟာ...."

မီးအမှောင်ချထားသည့် ပျို့အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ညကြည့်မီးလေးနှင့် ထိုင်ကာ စာအုပ်ဖတ်နေသည့်ပျို။

"ဒေါက် ဒေါက်" တံခါးခေါက်သံကြားသည့်အတွက် သူမလည်း မီးများဖွင့်ပြီး တံခါးအားဖွင့်ပေးတော့သည်။

"တီလေး..."
တံခါးခေါက်နေသူမှာ ဆုဆုပင်။

"အင်း..."
တည်တည်ငြိမ်ငြိမ် မျက်နှာထားနှင့် ပျို အားမြင်လိုက်ရသည့် ဆုဆုလည်း အဒေါ်ဖြစ်သူအားရှိန်နေတော့​၏။

"တီလေးကလည်း သိပ်အခန်းတွင်းအောင်းတာပဲ ...သမီးတို့လာတဲ့အချိန်လေးတောင် ဒါကြောင့် တီလေး ချောရဲ့လှရဲ့နဲ့ ရည်းစားမရတာ"
ထိုစကားကြောင့် ပျိုလည်း ပြုံးကာ ဆုဆုအားကြည့်လိုက်တော့သည်။

"တွေ့လား တွေ့လား အဲ့လို ပြုံးရယ်ပါဦး ၊မှန်ထဲကြည့်လိုက် တီလေး ဒီလိုပြုံးရယ်နေတာနဲ့ မျက်နှာတည်နေတာ နဲ့ဆို ပြုံးရယ်နေတာလေးက ဘယ်လောက် လှလိုက်လေသလဲ"

"ဈေးကျတာပေါ့,."ဟုပြောသည့် ပျိုအသံမှာ ဩဇာညောင်းလှသည်။
"ဟင်"
"အင်း ...ခဏခဏပြုံးရယ်ပြနေရင် ဈေးကျတာပေါ့"
ပျိုစကားတစ်ခွန်းဆီတိုင်းက ဆုအတွက် အံ့ဩစရာပင်။
"ဟင် ..ရယ်တာနဲ့ပဲ စျေးကျသတဲ့လား တီတီရယ်"
"မင်း..လောကကြီးအကြောင်းမသိသေးပါဘူး၊ညည်းကသာ ကျုပ်ကို ပြောတာ ညည်းရော ရည်းစားမထားသေးဘူးလား"
ထိုစကားကြောင့် ဆုဆု အနည်းငယ်မျက်နှာပျက်သွားကာ ဟန်ဆောင် ပြုံးပြလိုက်သည့်အတွက် လူပါးတစ်ယောက်ဖြစ်သည့် ပျို လည်း သိလိုက်တော့​၏။

"မင်း အသည်းကွဲခဲ့တာပဲ"
"ဟဲဟဲ.."ဟု ပြောကာ ခေါင်းလေးကုတ်လျှက်ရှိသည်။
"အတော်နာကျင်နေရလား"
"အလှည့်စားခံလိုက်ရသလိုပဲ တီလေးရယ်"
"အင်း..အဆင်ပြေသွားမှာပါ"ဟု ပြောကာ ဘေးရှိ စာအုပ်ကို ကောက်ရင်း စာဖတ်နေသည့် အမူအရာ ကြောင့် ဆုဆု လည်း ပြန်ထွက်သွားတော့သည်။

ဆုဆု ထွက်သွားတော့မှပျိုလည်း စာအုပ်ပြန်ပိတ်ကာ သူမ ထိုင်နေရာနေရာမှ ထလိုက်ရင်း ဗီရိုဘက်သို့ လျှောက်လာရင်း ဗီရိုအား ဖွင့်ကာ ဗူးလေးတစ်ဗူးအား ဖွင့်ရင်း နှုတ်မှ ညည်းတွားသီဆိုမိတော့သည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now