အခန်း(၁၀)

20.6K 1.5K 52
                                    

"ဒီနေ့က ၄ကြိမ်မြောက်အနမ်းပေးရမှာ..ဟိဟိ" ဟုတစ်ယောက်တည်းတွေးကာနေရင်း ပျို့ကားအား လှမ်းမြင်လိုက်ရတော့သည်။
"ဟော လာပါပြီ လာပါပြီ"

ပျိုမှာ နဂိုနေ့များမှအတိုင်းထပ်ပိုပြီး လှလှပပ ပြင်ဆင်ထားသည်ကို ရွယ်သတိထားမိလိုက်တော့၏။

"ဟော အလှတွေကလည်းပိုပြင်ထားပါလေသလားလေ" ဟု ပြုံးကာ ပြောရင်း သူမ ဘေးထိုင်ခုံတွင် တင်ထားသည့် ကင်မရာလေး ကို ယူကာ ကား အပြင်သို့ထွက်လာတော့သည်။ ထိုစဥ် ပျိုလည်း ကားပေါ်မှ ဆင်းလာသည့် ရွယ့်အား မြင်လိုက်ရတော့၏။

"ဘာတွေ လုပ်ဦးမလို့လဲ မသိ" ဟု ပြောကာ ကား ပါကင်ထိုးနေသည့် ပျို။

ထို့နောက် ပျို လည်း ရွယ့် လှုပ်ရှားမှုများကိုမသိမသာ ကြည့်နေမိတော့သည်။ ကင်မရာတစ်ကိုင်ကိုင်နှင့် ရွယ့်မှာ ပျိုရုံးအဆင်း ရှိ အမိုးအောက်သို့သွားနေတော့သည်။

" စိတ်ညစ်ပါတယ် .." ဟု ပျိုလည်း ရေရွတ်မိရင်း ပင်။

ထို့နောက် ပျိုလည်း သူမ လက်ကိုင်အိတ်ကို ကြည့်လိုက်စဥ် ရွယ် ကိုယ်တိုင်တပ်ပေးထားသည့် scarf အား တွေ့လိုက်ရသည့်အတွက် ကားပေါ်မှာ မဆင်းခင် အလျှင်အမြန် ချွတ်ရင်း ကြံရာမရသည့် အဆုံးသူမ လည်ပင်းတွင် စတိုင်ကျကျ ချည်လိုက်ရင်း မျက်နှာအား တည်လျှက် ကားပေါ်မှ ဆင်းလာတော့သည်။

"သြော် ...ဒေါ်ပျိုမြင့်မြတ်ချယ်၊ ဒေါ်ပျိုမြင့်မြတ်ချယ် ...အင်း" ဟု ရွယ်လည်း စိတ်မှကြည်နူးစွာ ရေရွတ်မိရင်း တစ်ဖျက်ဖျက်နှင့် ပုံများ ရိုက်နေတော့၏။

"ဒီမယ်..ဒီမယ်" သည်းခံထားပေမဲ့လည်း ပျိုမှာ သူမ ပုံရိုက်နေသည့် ရွယ်ကို ခေါ်နေတော့သည်။သို့သော် ရွယ့်မှာ မကြားချင်ယောင်ဆောင်နေတော့၏။

"ဒီမယ်.."

"ဟင် ခေါ်တာလား "​ဟု သူမ ကိုယ်သူမ လက်ညှိုးထိုးကာ ပြောသည့် ရွယ်။

"မင်းကို မခေါ်လို့ တို့က ဘယ်သူကို ခေါ်ရမှာလဲ​"

"နာမည်ရှိတယ်လေ နာမည်ခေါ်ပေါ့ "

ထိုစဥ် ပျိုလည်း နားထဲ "အန်တီ့ချစ်သူ "​ဟု ပြောသည့် အသံ ပြန်ကြားလာတော့သည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now