"မဟုတ်ဘူး တီတီ ၊ ဒါပေမဲ့ သူက..."
"တော်လိုက်ပါတော့ .....မင်းတို့ လူငယ်တွေရဲ့ ကိစ္စတွေကြားထဲ ငါ့ကိုဆွဲမထည့်ကြပါနဲ့ တောင်းပန်ပါတယ်" ဟုပြောကာ အိမ်ထဲဝင်သွားတော့သည်။သူမ အခန်းထဲအရောက်...
"ဟူး..." ဟု သက်ပြင်းတစ်ချက် ချကာ ကွန်ပျူတာခုံရှေ့တွင်ထိုင်လိုက်တော့သည်။
"ဘယ်ဘဝက ရေစက်တွေများလဲ" ဟု ရေရွတ်မိတော့၏။
ကားပေါ်တွင် မျက်ရည်များထိန်းထားရင်း ဆိုပေမဲ့ ကျဆင်းလာသည့် မျက်ရည်စများအား အံ့ကိုကြိတ်ကာ သုတ်နေသည့် ရွယ်။
အိမ်ပြန်အရောက် တူမ ဖြစ်သူ မျက်နှာ ညိုးကာ မျက်လုံးလေးများ နွမ်းလျနေသည်ကို သတိထားမိသည့် အန်တီဆွေ။
"ရွယ်လင်းမောင် သမီး..."ဟု ခေါ်ရင်း အခန်းထဲသို့ဝင်လာတော့သည်။
"ဟုတ် အန်တီဆွေ" ဟု ပြန်ကာထူးရင်း နှာညစ်လိုက်တော့သည်။
"သမီ ဘာဖြစ်လာတာလဲ"
ငိုချင်ရဲ့လက်တို့ ဖြစ်နေသည့် ရွယ်လည်း အဒေါ်ဖြစ်သူ အမေးကြောင့် မျက်ရည်များကျဆင်းလာတော့၏။"တီဆွေ..." ဟု အဒေါ်ဖြစ်သူ အား ဖက်ကာ ကလေးသဖွယ်ငိုနေတော့သည်။
"သမီး ဘာဖြစ်တာလဲ ၊ တီဆွေ ရင်ထဲ မထိတ်သာမလန့်သာ ရှိလိုက်တာ "
"သမီး ..ဒီနိုင်ငံမှာ မနေချင်တော့ဘူး" ဟု ငိုသံသဲ့သဲ့နှင့်ပြောသည့် ရွယ်။
"ဘာဖြစ်လာတာလဲ သမီး"
"သမီး ...အားကိုးထိုက်တဲ့သူဖြစ်ချင်တယ်"
"ရွယ်" ဟု ခေါ်ရင်း တူမဖြစ်သူကို သေချာစိုက်ကြည့်နေတော့သည်။"သမီး ..အားကိုးထိုက်တဲ့သူဖြစ်ချင်တယ် တီဆွေရယ်"
ထိုစကားကြောင့် အန်တီဆွေလည်း ရယ်မိတော့၏။
"ဟားဟားဟားဘ....တီဆွေဖြင့် အဲ့အမျိုးသမီးကို တွေ့ဖူးချင်လာပြီ"
"ဘာလို့လဲ" ဟု ရွယ်လည်းမေးရင်း သူမ မျက်ရည်များအား သုတ်လိုက်တော့၏။
"ရှင့်လို ပြောမကောင်းဆိုမကောင်းကို အဒေါ်လုပ်တဲ့ကျွန်မ အလုပ်လုပ်ဖို့ ကျောင်းပြန်တက်ဖို့ပြောခဲ့တာ နှစ်ကာလရှည်ကြာပြီ၊ အခုကျမှ အားကိုးထိုက်တဲ့သူဖြစ်ချင်တယ် ဆိုတော့ ဒီအမျိုးသမီးရဲ့ အစွမ်းက ခေသူတော့မဖြစ်နိုင်ဘူး"