မျက်နှာကျက်အား ကြည့်ရင်းအတိတ်က ဖြစ်ရပ်များအားပြန်တွေးကာ သူမကိုယ်သူမ အပြစ်ဖို့လာတော့၏။
"ငါအဲ့လိုမလုပ်ခဲ့သင့်ဘူး" ဟုဆိုကာ တွေးမိရင်း အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မနက်
"တောက်...." ကျယ်လွန်းလှသည့် တောက်ခေါက်သံနှင့်အတူ အခန်းဖွင့်ရင်း လှမ်းခေါ်သူမှာ ပျိုပင်။
"ဟဲ့ သင်းသင်းတို့ ကို ရွှေတို့ ဘယ်ရောက်ကုန်ကြလဲ"
ပျို၏ အသံကြားတာကြောင့် သင်းသင်းလည်း ဒုတိယထပ်သို့ လျှင်မြန်စွာ တက်လာတော့သည်။
"မမ ဘာဖြစ်တာလဲ..."
"ဒီမှာ...." ဟု ဆိုကာ သူမ လက်ထဲရှိ အင်္ကျီအား ဖြန့်ပြလိုက်တော့၏။
"ဟယ် မမ ..သင်းသင်း တောင်းပန်ပါတယ် သင်းသင်း မသိလိုက်ဘူးရယ်"
အကြောင်းမှာ သူမ ဒီနေ့ ဝတ်မည့် ဝတ်စုံ အား မီးပူထိုးထားသည်မှာ ပြန့်မနေသောကြောင့်ဖြစ်၏။
"ခက်တာပဲ..ငါကလူတွေ ကြားထဲ အလုပ်လုပ်ရတာ ၊ ကော့ကျော့နေအောင် နေရတာ လူမှာ အဝတ် တောင်းမှာအကွပ်ဆိုသလိုပဲ..ဘာလဲ ငါက မီးပူက အစ ထိုင်ထိုးနေရတော့မှာလား"
"တောင်းပန်ပါတယ် မမရယ် ...သင်းသင်း သူတို့နဲ့ လွှတ်ထားလိုက်မိတာ "
"ဟူး ....ငါဒီနေ့ အိမ်ပြန်နောက်ကျမယ် တွေ့ဆုံစားပွဲ တစ်ခုရှိတယ်၊ မာမီ မနိုးသေးဘူးမလား"
"ဟုတ်"
"တစ်ခုခု နိုးရင် ကျွေးထားဦး ..."ဟု ပြောရင်း အခန်းထဲ ပြန်ဝင်တော့သည်။
ပျိုမြင့်မြတ်ချယ် သည် ယခင်က ထိုကဲ့သို့ မဟုတ်ပဲ အတော်ကို နူးညံ့ ချိုသာ လွန်းသူတစ်ဦးဖြစ်ကာ ယခု ကျမှ ခက်ထန်မာကျောသွားသူတစ်ဦးလည်းဖြစ်၏။
ကားပေါ်သို့တက်လာရင်း ကားစက်နှိုးသည့် ပျိုမြင့်မြတ်ချယ်၏ ပုံစံမှာ လွန်စွာ အထာကျလှပြီး စတိုင်ကျလှသည်။ထို့နောက် သူမရဲ့ ဖုန်းကို ထုတ်ကာ ကားရှိ radio နှင့် ချိတ်ဆက်လိုက်ပြီး သီချင်းဖွင့်ကာ ရုံးရှိရာသို့ ဦးတည်လာတော့၏။မာကျောခက်ထန်လှသည့် ပျိုမြင့်မြတ်ချယ်၏ ကားကို မြင်လိုက်သည်နှင့်ရုံးရှိ ဝန်ထမ်းများလည်း အကုန်တိတ်ဆိတ်သွားတော့သည်။ထိုသည်ကို သိသည့် ပျိုမြင့်မြတ်ချယ် လည်း ကားပေါ်တွင် ခဏ နေနေတော့သည်။