" ဪ....အချစ်ဆိုတဲ့ ပုစ္ဆာက ခက်ခဲသား " ဟု ရွယ်ထွက်သွားသည်ကို ကြည့်ရင်း တစ်ယောက်တည်း သင်းသင်းလည်း ပြောမိသည်။
အပြန် အငှားကားပေါ်၏ နောက်ခန်းတွင်ထိုင်နေသော်လည်း စိတ်များမှာ အရေးပေါ်ခန်းနားတွင်သာ...
အိမ်ပြန်အရောက် ဧည့်ခန်းတွင် ထိုင်နေသူ အန်တီဆွေ မှ
"ဟယ် ...ရွယ် ၊ညည်း တစ်နေ့ကုန် ဘယ်တွေသွားနေတာတုန်း"
အဒေါ်လုပ်သူ၏ အမေးတောင် ဖြေနေချင်းမရှိပဲ သူမအခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။"ဟဲ့ ..ဟိုကောင်မလေး နင် ဘာမှမစားတော့ဘူးလား"
ဟု အခန်းတံခါးခေါက်ကာ မေးသည့်အချိန်မှသာ ဖြေသည့် ရွယ်။"မစားတော့ပါဘူး ...သမီး အရမ်းပင်ပန်းနေလို့ အိပ်လိုက်ဦးမယ်"
"ဟုတ်ပါပြီရှင်"
အခန်းထဲရှိ ရွယ်လင်းမောင်မှာ ကုတင်ပေါ်တွင် ထိုင်နေရင်း စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချမိသည်မှာ အခါပေါင်းမနည်းပေ။
"တစ်ခုခုဆိုရင် ငါဘာလုပ်ပေးနိုင်မလဲ" ဟု သူမ ဘာသာလည်း အဖြေရှာနေမိရင်းပင်။
ထို့နောက် သူမအခန်းထဲရှိ ရေခဲသေတ္တာအသေးလေးကို ဖွင့်ရင်းဆိုဂျူ တစ်ပုလင်းအား ယူလိုက်သည်။ ဒါ့အပြင် အခန်းတံခါးအား ဖွင့်ရင်း သူမ ကားသော့အားယူကာ အပြင်ထွက်ရန် အပြင်
"ဟဲ့ ကလေးမလေး ...ပြန်ရောက်မှမကြာသေးဘူး ဘယ်ကိုတုန်း" ဟု မေးနေတုန်း အန်တီဆွေ့မျက်လုံးများမှာ ရွယ် ကိုင်ထားသည့် ပုလင်းဆီသို့ရောက်သွားတော့သည်။
"သမီး အဆင်ပြေရဲ့လား "
အန်တီဆွေ ရွယ့်မျက်လုံးများအား သေချာကြည့်နေမိသည်။ အဓိပ္ပာယ်ရှာရခက်နေသည့် ထိုမျက်ဝန်းများမှာ မှောင်မဲနေပြီ လမ်းပျောက်နေသကဲ့သို့ တူ၏။"ရွယ် သမီး ..."
"အန်တီဆွေ.."
"ဝေ""ရွယ့်ရဲ့ မေတ္တာရပ်ဝန်းလေး နေမကောင်းဘူး" ဟုပြောရင်း အိမ်အပြင်ထွက်ရန်အလုပ် အန်တီဆွေ့မှ ရွယ့်လက်ကို လှမ်းဆွဲလိုက်တော့သည်။