အပိုင်း(၈)

20.7K 1.5K 47
                                    


"ဘာပြောတယ်"
"အင်းလေ ..နာမည်ဆို ၊အန်တီ ချစ်သူပါဆို"
"တင်တင်စီးစီး.."
"တင်တင်ကိုမစီးပါဘူး..အန်တီကိုစီးမှာ"
"မင်းနော်.."
"အန်တီနော်"
ပျိုစကားတစ်ခွန်းတည်းကို လျှင်မြန်စွာခွန်းတုံ့ပြန်နေသည့် ရွယ်ကြောင့် ပျို လည်း အနေခိုက်နေတော့​၏။
"မင်းကွာ.."
"အန်တီကွာ.."
"တော်ပြီ..မင်းနဲ့ ငါ မပြောချင်တော့ဘူး"
"အန်တီက မပြောချင် ဘာလုပ်ချင်လဲ"ဟု ပျိုနားကပ်ကာ ခြေဖျားထောက်ရင်းပြောသည့် ရွယ်။
"မင်း ..မင်းကွာ" ဟု ပြောရင်း လှည့်ထွက်ရန် ကြိုးစားပေမဲ့ ရွယ်မှ လက်အား လှမ်းဆွဲလိုက်သည့်အတွက် ထိန်းထားသည့်ပျိုလည်း ရွယ်အား ပါးရိုက်လိုက်မိတော့​၏။
"ဖြန်း"
ရွယ် တစ်ယောက် အံဩသွားပေမဲ့အပြုံးမပျက်ချေ။
"အင်း..ချတယ်ပေါ့လေ"
ပျို စိတ်တွင် ဒေါသနှင့်အတူ သနားစိတ်ထပ်တူဝင်လာတော့သည်။
"အင်း ချလေ ..အန်တီကိုပြန်ချမှာ စိတ်သာချ"ဟု ပြောကာ တစ်ခြမ်းပြုံးလေးပြုံး မျက်ခုံးလေးပင့်လျှက် ပျို့အားကြည့်ကာ ထွက်သွားတော့သည်။
ပျိုလည်း ပြောစရာစကားဆွံံ့အ သွားရင်းနှင့်အတူ ရုံးခန်းထဲကို ငိုင်တိုင်တိုင် နှင့်ပြန်ရောက်လာတော့​၏။

"အင်း ချလေ ..အန်တီကိုပြန်ချမှာ စိတ်သာချ"
"အင်း ချလေ ...အန်တီကိုပြန်ချမှာ စိတ်သာချ" ဟု သော စကားအား ထပ်ခါတလဲလဲ ကြားလာရသည့် ပျိုလည်း စိတ်ညစ်စ ပြုလာရင်း စားပွဲပေါ် လက်တင်ကာ မှောက်ချလိုက်တော့သည်။

"ခက်တာပဲကွာ ...စိတ်ညစ်ပါတယ် "ဟု ပြောရင်း သက်ပြင်းချမိတော့သည်။

ထို့နေ့ ပျို လည်း လူနဲ့ စိတ်နှင့် မကပ်ပဲ အိမ်သို့ ပြန်လာတော့၏။ အိမ်အဝတွင် သူမ အား ကြိုဆိုနေသည့် ခွေးလေးနှစ်ကောင်ကိုတောင် အရင်လို မချော့မြူနိုင်တော့ပဲ အိမ်ထဲသို့ အဝင် ဧည့်ခန်းတွင် ထိုင်နေသည့် ဆုဆု ကို မြင်လိုက်ရတော့သည်။

"တီတီ...." ဟု ပြောရင်း ဆုဆု လည်း ပျို့အိတ်ကို လှမ်းဆွဲကာ ကြိုတော့၏။

"အင်း...ရောက်နေတာလား"

"ဟုတ်..."

ဆုဆု လည်း ပျို မျက်နှာအား အရိပ်တကြည့်ကြည့်နှင့် ကြည့်နေတော့သည်။

အန်တီရဲ့ ကြယ်(Completed )Tempat cerita menjadi hidup. Temukan sekarang