အခန်း(၁၉)

20.7K 1.1K 24
                                    

"ဟာ..တကယ့်ကို ထူးခြားတဲ့အရသာပဲ ၊ကိုယ်တိုင်သာ သောက်ဖူးပေမဲ့ ဒီလို စီးကရက် အနံ့ရှိတဲ့နှုတ်ခမ်းကို နမ်းရတာဟာ ဒီလိုပါလားလေ"

"သိပ်ဆိုးတာပဲ .."ဟု ပြောရင်း ရွယ့်နဖူးလေးအား မနာမကျင်ဖွဖွလေးထုလိုက်တော့သည်။

"ပျို .."

ထိုည ပျို့အကြည့်များ ​၏ အဓိပ္ပါယ်ကို ဖော်မရသည့်အထိ တောက်ပလွန်းလှသည်။

"ဟင်"
"ချစ်တယ်..." ဟုပြောရင်း ရွယ်လည်း ထောင်လျှက်သားဖြစ်နေသည့် ဒူးများအပေါ် မေးလေးတင်လျှက် စီးကရက်ဖွာနေသည့် ပျိုကို ကြည့်နေမိတော့သည်။

"မောင်..."

ထို့ကဲ့သို့ ပျို ခေါ်လိုက်သည့်အချိန်တိုင်း ရွယ့် နှလုံးခုန်သံထိန်းမရပေ။

"ဟင် ပြောလေ ပျို"

"လူကြီးကို ဘာ ပျို လည်း ဟွန့်နော်" ဟု ဆိုလျှက် အံ့ကိုကျိတ်ပြသည်။

"ဒါဖြင့် မောင် လို့ ခေါ်တိုင်း ဘယ်လို ထူးရမလဲ ၊ ပြီး ဘယ်လိုခေါ်ရမလဲဆိုတာ ဒီက အခုထိ မတွေးတတ်သေးဘူး အသည်းရယ်"

ထိုစဉ် ပျို့လက်ချောင်းလေးများမှာ ရွယ်နားထင်နားရှိ ဆံစများဆီသို့ရောက်လာရင်း ပွတ်သပ်ပေးတော့သည်။

"ကျွန်မ ကို မောင် ချစ်ရတာ နာကျင်လိမ့်မယ်နော်"

"နာကျင်ပေါ့ ..မောင် ခံနိုင်ပါတယ်" ဟု သူမရင်ဘက်လေးဖိကာ ပြောသည့် ရွယ်ကြောင့် ပျို ပြုံးမိသည်။

"ဟားဟားဟား...ဒါက ဝဋ်ကြွေးပဲနေမယ်"ဟုဆိုလျှက် စီးကရက်မီးသတ်လိုက်တော့သည်။

"ဝဋ်ကြွေး ဆိုရင်တောင် လှပတဲ့ ဝဋ်ကြွေး လေးပဲနေမှာပါ"

မည်သည့်စကားမှ မပြောပဲ ပျို့တစ်ယောက် ရွယ်ကိုသာ ကြည့်နေမိသည်။

"တို့ကို စိတ်မပျက်သွားဘူးမဟုတ်လားဟင်"

"ဟင့်အင်း..အသည်းက ဘာလုပ်လို့ မောင်က စိတ်ပျက်ရမှာလဲ "

"ကျွန်မ က ဒဏ်ရာတွေအပြည့်နဲ့ ခင်းကျင်းထားတဲ့လမ်းမှာ လျှောက်နေရတဲ့ မိန်းမ မို့ ၊ တစ်ခါတလေကျ မောင် ပင်ပန်းလိမ့်မယ်"

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now