အခန်း(၁၃)

7.5K 193 2
                                    

"ဒါနဲ့ အဆင်ပြေရဲ့လား ..."
"ဘာကိုလဲ"
"နင့်သမီးလေ ..." ဟု ပြောသည့် နှောင်း။

"ငါမသိဘူး..." ဟု အသံလေးလေးနှင့် ခက်ပြတ်ပြတ်ပြောလိုက်သည့် ပျိုမြင့်မြတ်ချယ်ကြောင့် သူငယ်ချင်းနှစ်ယောက်လည်း အချင်းချင်းကြည့်ကာ အားနာစိတ်ဝင်သွားကြတော့သည်။

စားသောက်ဆိုင် ထဲသို့ ပျိုနှင့်အတူ သူငယ်ချင်း(၂)ယောက်ဝင် လာကြတော့​၏။

"အစ်မတို့ ဘာမှာကြမလဲခင်ဗျာ" ဟု စားပွဲထိုးလေး အမေးကြောင့် ပျိုတို့လည်း အသီးသီး မှာကြားပြီး မကြာ ပျို့မျက်လုံး များမှာ ဆိုင်ရှေ့ ရှိ ကားပေါ်မှ ဆင်းလာသော ရွယ်နှင့် သူမ​၏ အဒေါ်ဖြစ်သူ ဆွေကိုပင်။တူဝရီးနှစ်ယောက်ပြုံးကာ လက်ချင်းချိတ်ရင်း ဆိုင်ထဲဝင်လာသည်ကို ပျို လည်း မြင်နေရတော့သည်။ရွယ်နှင့်အန်တီဆွေမှာပင် ပျိုတို့ကိုမမြင်ပေ။

"ရွယ် ...စားနော် ရှင် မနက်ကတည်းက ဘာမှစားလာတာလဲ မဟုတ်တာကို " ဟု အဒေါ်ဖြစ်သူလည်း စိတ်ပူကာ ပြောနေပေမဲ့ ရွယ့်မျက်လုံးများမှာ သူမကို ကြည့်နေသည့်ပျို ဆီမှာပင်။

"တီဆွေ .." ဟု အဒေါ်ဖြစ်သူ အား ခေါ်လိုက်၏။

"ဝေ.."

"သမီး နှုတ်ခမ်းကို တစ်ချက်လောက် တစ်သျှူးလေးနဲ့ သုတ်ပေးပါလား "ဟု ပျို့ဆီမှ မျက်လုံးများ မခွာပဲ ပြောနေသည့် ရွယ်။

"ဟေ..."

"လုပ်ပါ နော်လို့ "

အန်တီဆွေလည်း တူမ ဖြစ်သူ ကြောင့် နောက်ဆုံးတော့ ခိုင်းသည့် အတိုင်းလုပ်ပေးလိုက်တော့သည်။

"ဘာဖြစ်နေတာလဲ ပျို ..."ဟု တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်နေသည့် ပျို့ကိုနှောင်းလည်း လက်အားထိလိုက်ကာ မေးတော့၏။

"ငါ ခဏ ...toilet သွားဦးမယ်" ဟု ပြောကာ ပျို ထွက်သွားသည်ကို ရွယ်လည်း မြင်လိုက်ရတော့သည်။

"တီဆွေ ..မှာထား ၊ စားထားနှင့် ရွယ် ဗိုက်ပြဿနာ အရင်ရှင်းလိုက်ဦးမယ်" ဟု သူမ ဗိုက်ကိုပွတ်ပြကာ ထွက်သွားပြန်၏။

စားသောက်ဆိုင် ၏ toiletအဝတွင် ပျို့ကိုစောင့်ဆိုင်းနေသူ ရွယ်

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now