အခန်း(၂၇)

4.8K 143 5
                                    

"သ..သမီး" ဟုဆေးသွင်းထားသည့် လက်လေးနှင့် သူမနှလုံးအားဖိရင်း ငိုနေမိသည်။

***

ပျို့ ၏ မိခင် ဖြစ်သူ လည်း ဝှီးချဲ ပေါ်မှ ထ လာကာ ပျို့ အခန်း ရှိရာသို့ ဦးတည်လာတော့သည်။အခန်းထဲ အရောက် သမီးဖြစ်သူ၏ ကုတင် ပေါ်တွင် ထိုင်ချလိုက်ရင်း အခန်းကို သေချာကြည့်နေမိသည်။

"ဟူး ...."

လေးလေးနက်နက်ရှိုက်သည့် သက်ပြင်းတစ်ချက် နှင့် အတူ အတိတ် ဆီသို့ ပြန်လည် ရောက်ရှိလာတော့သည်။

ပျို့ ကိုယ်ဝန် (၈) လ အချိန်

မုန့်ဟင်းခါး အား အားပါးတရ စားနေသည့် ကိုယ်ဝန်သည် ပျို့ ကို မိခင် ဖြစ်သူ ကြည့်နေတော့သည်။

"ဖြေးဖြေးစား သီးမယ်"

"ဟုတ်ကဲ့ မေမေ"

" မွေးဖို့ နီးလာပြီ ညည်း စိတ်လုံးဝ မပြောင်းဘူးလား သမီး"

မိခင် ဖြစ်သူ ပြောသည့်စကားကြောင့် ပျို လက်ထဲရှိ ဇွန်းအားဘေးသို့ ချရင်း မိခင်ဖြစ်သူအား ကြည့်လိုက်ရင်း။

"မေမေ....ကလေးက သမီးလေး"

ပျို့ဆီ မှ ကြားလိုက်ရသည့် စကားကြောင့် မိခင် ဖြစ်သူ စကားစပျောက်သွားတော့သည်။

"သမီးမိန်းကလေး မို့ ...မိဘစုံစုံလင်လင်နဲ့ပဲ ကြီးပျင်းစေချင်တယ် ၊ လူ့ လောက ထဲ ရောက်လာစေချင်တယ် မေမေ" ဟု မိခင် ဖြစ်သူ မျက်လုံးများအား စေ့စေ့ ကြည့်ရင်း ပြောရှာသည်။

"ဒါဖြင့် နင့် ကို ကြည့်နေရတဲ့ မအေကြီး ငါကရော...၊ ညည်းကို ကျုပ် ဖအေမရှိပဲ ပျိုးထောင်လာတာ ဒါတွေ ဖြစ်ဖို့ ဒီဘဝ ရောက်ဖို့လား..အခု ပဲ ကြည့် ညည်း လင်တော်ပါမယ်ဆိုတဲ့အကောင်က သူများ နိုင်ငံမှ ကျွန်သာသာ လုပ်နေရပြီ"

ပျို့ မှာ သူ့ ဗိုက်လေးအား ဖွဖွလေး ကိုင်လျှက်ပင်။

"သမီးတို့ အတူတူ ပျိုးထောင်နိုင်ပါတယ် မေမေ"

"ရူးမနေစမ်းနဲ့ .....နင့် အိမ်မက်ကနေ နိုးထလိုက်စမ်း ၊​ဒါ ကစားကွင်းမဟုတ်ဘူး ...လူ့လောက လူ့အသိုင်းဝိုင်း အပျိုဗိုက်မို့ နင့် ကိုယ်ဝန်ကို တစ်ချို့က မသိသာ ...သိတဲ့ သူတွေက သိလို့ နင့် အကြောင်းကို ဖွဲ့နွဲ့ ဆိုနေလောက်ပြီး မယ်ပျို ၊ ညတိုင်း ပွဲစဉ်တွေ နဲ့ လုံးပန်းခဲ့ပြီး စင်ပေါ်မှာလူရွှင်တော်တွေ တင်ရိုက် ခါးရိုက် နဲ့ လူတစ်ကာ သမုတ်တာခံရ ပြီးနင့်ကို ရှာကျွေးလာတဲ့ နင့်မအေ ငါ့မျက်နှာကို နင့် မထောက်တော့ဘူးလား "

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now