"အန်တီသင်း....ရွယ် သူ့ကို သိပ်ချစ်တာ ။သိပ်ချစ်တာ ပြောရင် မျက်ရည်ကျမိတဲ့အထိ သိပ်ကို ချစ်တာ ...ရွယ့်နှလုံးသားကို သူ့ကို ထုတ်ပေးလို့ရရင် သိပ်ကောင်းမှာ "
ထိုစကားကြောင့် ရွယ် ခဏ ငြိမ်ကျသွားသည်။
~~~~
"အသက်ပါ အပ်ခါ ပျို ကတော့
မောင့် တစ်ယောက်ကို...အို
ချစ်ပါတယ် မောင့်ကို ၊ သနားပါတယ် မောင့်ကို"
~~
"အန်တီသင်း ....ရွယ် လှူမယ်"
ရွယ်ဆီမှ ကြား လိုက်ရသည့် စကားမှာအန်တီသင်း အတွက် အံ့သြစေသည်။
"သမီးဒါ နောက်စရာ မဟုတ်ဘူး "
ရွယ့် မျက်ဝန်း များ စိုစွတ်လာသည်။
"နှလုံးဆိုတာ လူ သေမှ ၊ လူအသက်မရှိတော့ မှ လှူလို့ရတာ ...အကယ်လို့ သမီး လှူခဲ့တယ် ဆိုရင်တော့ မမပျို အသက်ရှင်ရတာ ဘာထူးခြားမှာလဲ။ အခြားနည်းလမ်းတွေ အန်တီတို့ အတူတူ ရှာကြည့်လို့ရတယ် ..ဒီနည်းလမ်းကတော့ မဟုတ်သေးဘူး "
စိုစွတ်နေသည့် မျက်ဝန်းများမှ မျက်ရည်စီးကြောင်းများ ကျလာသည်။
"အလျှင်အမြန် မတွေးပါနဲ့ သမီးရယ် ...။ အခြားနည်းလမ်းတွေ ရှိပါတယ် အန်တီတို့ မှာ"
ထိုအချိန် ပျို့ ၏ မိခင် ဖြစ်သူ မှာ လမ်းလျှောက်လျှက် ဆေးရုံ ဝင်းထဲ ဝင်လာသည်။ တစ်သက်လုံး ဝှီးချဲ ပေါ်တွင် ထိုင်နေတော့မည် ဟု ထင်ထားသည့် အန်တီသင်းလည်း ထိုကဲ့သို့ မြင်လိုက်ရသည့် အတွက် အံ့သြ မဆုံးနေပေ။
"သင်းသင်း ..."
"ဟုတ် ကြီးကြီး"
အန်တီသင်းမှ " ကြီးကြီး " ဟု ခေါ်လိုက်သည့် အခါ ရွယ်လည်း မတ်တပ်ရပ်ရင်း ခေါင်းလေး ငုံကာ နှုတ်ဆက်ပေမဲ့ ခက်ထန်လှသည့် ပျို့ မိခင်၏ မျက်နှာထားကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားရတော့သည်။
"ပျို အခြေအနေ "
"ဟုတ် ကြီးကြီး ၊ နှလုံး အလှူရှင်ကို အခု မမရဲ့အတွင်းရေးမှူး ရှာပေးနေပါတယ် ...ဒါ မျိုးကလည်း လူ့အသက် မရှိမှ လှူလို့ရတဲ့ ပစ္စည်းဆိုတော့ နဲနဲ တော့အကျပ်ရိုက်နေရတယ်"