အပိုင်း(၁၁)

19.6K 1.3K 41
                                    

"ဟူး.."ဟု သက်ပြင်းချသည့်ထိုအသံမှာ တီချယ်နီနှင့်ဖုန်းပြောပြီး ရွယ်ပင်။ထို့နောက် ကုတင်ပေါ်တွင် ထိုင်လိုက်ရင်း ဘေးရှိ ဂစ်တာအား ယူလိုက်ရင်း တီးလိုက်ရင်း..

"နေမင်းကွဲ့ ငြိုးရင် ..
မိုးညမှောင် အရိပ်ဝယ်
အို ပျိုရယ် အနမ်းဝေဖြာမယ်.."ဟု ဆိုလိုက်ရင်း ဂစ်တာအား ဘေးသို့ပြန်ချလိုက်တော့သည်။


နောက်တနေ့မနက် my garden တွင် ..
latte တစ်ခွက်မှာရင်း နီနီ အလာကိုစောင့်နေသည့်ရွယ် နားသို့ ရောက်လာသူမှာ ဆုဆုပင်။

"well well well မတွေ့တာအတော်ကြာရော"ဟု ပြောရင်း ရွယ်ဘေးရှိ ခုံတွင် ထိုင်လိုက်တော့​၏။

"ဆုဆု.."

"အို့ မှတ်မိသေးသား" ဟုပြောကာ စားပွဲပေါ်သို့ သူမ​၏ နေကာမျက်မှန် ကိုတင်လိုက်တော့သည်။

"ဆု..ငါ ဧည်သည့်တွေ့စရာရှိသေးတယ်" ဟု ရွယ်မှ သူမလက်ကောက်ဝတ်ရှိ နာရီကို ကြည့်ကာ ပြောသည်။

"ဘာလဲ next one လား"
"ဆုဆု..."
"ရွယ်လင်းမောင် နင်ဘာတွေရွေ့နေလဲတော့ငါမသိဘူး ၊ဒါပေမဲ့ ကျန်ခဲ့တဲ့ သံယောဇဉ်လက်ကျန်ကို ထောက်ထားပြီး ပြောမယ် ..အချစ်ဆိုတဲ့အရာက နင့်ကစားစရာမဟုတ်ဘူးနော် ..နင်တကယ်ချစ်တဲ့သူမတွေ့သေးလို့ တွေ့တဲ့အချိန်ကျ နင့်ကစားခဲ့တဲ့ သူတွေရဲ့ ဝဋ်ကို နင့်အကြီးအကျယ်လည်ဦးမှာပဲ" ဟုပြောရင်း ပြုံးကာထွက်သွားသည့် ဆုဆုစကားကြောင့် ရွယ်ရင်ထဲ တမျိုးခံစားလာရပြီး နစ်မွန်းနေတော့​၏။

ထို့နောက် သိပ်မကြာ ဆိုင်ထဲသို့ ဝင်လာသူမှာ နီနီ။

"တီချယ်.."ဟု ထကာ ခေါ်လိုက်သည့် ရွယ်ကြောင့် နီနီလည်း ရွယ်ရှိရာသို့ရောက်လာတော့သည်။

"ရွယ် .."ဟု ခေါ်လိုက်ရင်း နီနီလည်းထိုင်ခုံတွင်ထိုင်လိုက်တော့သည်။

"တီချယ် ဘာစားမလဲ"
"coke တစ်ခွက်ပဲပေးပါ" ဟု waiter အားပြောကာ ရွယ်ကိုကြည့်လိုက်တော့​၏။

"ရွယ်မျက်နှာလည်းမကောင်းပါလား၊နေမကောင်းဘူးလား"
"ရှင်...မဟုတ်ပါဘူးကောင်းပါတယ် ၊တီချယ့်ကို ရွယ် လူချင်းတွေ့ပြီး ပြောချင်တာတွေရှိလို့"

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now