အခန်း(၁၇)❌

31.9K 1.4K 88
                                    

"တို့က ငယ်ကို ချစ်တယ် ပြောမိလို့လား...ဒီမယ် အခွင့်ရေး မယူပါနဲ့ ဟွန့် "ဟု ပြောရင်း သူမ၏ နှုတ်ခမ်းလေးများအား ပုံမှန်ထပ်ပို ဆူလိုက်သည်ကို ရွယ်သတိထားမိသည်။

"ဟာကွာ...ဒီအပျိုကြီးက စမ်းနေတာပဲ​" ဟု ဆိုကာ ကားသော့နှင့် အတူ စက်နိုးလိုက်တော့သည်။​

"မမ ရွယ်လင်းမောင် ရှင့်" ဟု ခေါ်လိုက်သည် ပုံမှန်နှင့် မတူ ချိုသာ လွန်းလှသည့်အတွက် ရွယ်လည်း ဘေးတွင် ထိုင်နေသော ပျို့ကို ကြည့်လိုက်မိသည်။

"ရွယ့်ကို ခေါ်တာလား "

ထိုအချိန် ပျို့လက်များမှာ ရွယ်ရှိ နဖူး ပေါ်ရှိ ဆံစ များဆီသို့​ရောက်လာရင်း သပ်ပေးတော့သည်။နဖူးပေါ်သို့ အရောက် ရွယ့်မျက်လုံးများမှာလည်း မှိတ်သွားသည်။

"ရွယ်လင်းမောင် မဟုတ်ဘူးလား ဘာလဲ အန်တီ့ချစ်သူလား " ဟု ပြုံးကာ ပြောသည့် ပျို့ ပုံစံမှာ အတော်ကို ကြည်နူးစရာပင်။

"အန်တီ..."

"ဟင်"

"အန်တီ ရွယ့်ကို ချစ်လားဟင်" ဟု သူမ မျက်လုံးများကို အားကိုမွေးကာ ကြည့်ရင်း မေးသည့် ရွယ်။

"ရွယ်လင်းမောင်ကို ချစ်တယ် ပြောရမှာလား ၊ အန်တီ့ချစ်သူ ကို ချစ်တယ် ပြောရလေမလား တို့ တွေးနေတုန်း "

"Don't go wasting your emotion ,Lay all your love on me "

သီချင်း ဆို ညည်း ပြလိုက်သည့် ရွယ်ကြောင့် ပျို အနည်းငယ် အံ့သြသွားတော့သည်။

"အဲ့ သီချင်းသိလား " ဟု မေးသည့် ရွယ်ကြောင့် ပျိုလည်း ပြုံးမိပြန်သည်။

"ဒီမယ်ငယ်လေး..တို့အရွယ်က Abba သီချင်းတွေက်ို မမှီခဲ့ပေမဲ့ တို့သိပါတယ်"

"ဟင် ..ရွယ်က Abba version ကိုဆိုတာမဟုတ်ဘူး ၊ အန်တီရဲ့ ငယ် version ကိုဆိုတာ"ဟု ပြောရင်းပျို့လက်တွေအား ဆုတ်ကိုင်လိုက်သည်။

"ဒါ အိပ်မက်မဟုတ်ဘူးမဟုတ်လားဟင်"
"ဘာကိုတုန်း"
"ပျိုမြင့်မြတ်ချယ် ရွယ့်အနားရောက်လာတာဟာလေ၊ဒါအိပ်မက်မဟုတ်ဘူးမဟုတ်လားဟင်"

ထိုစကားကြားကြားချင်း သက်ပြင်း ချ မိသည့် ပျို။

"ဟင့်အင်း ...အန်တီ ၊ ရွယ် အလျှင်မလိုဘူး ..ဖြေးဖြေးချင်းဆီပဲ ရွယ် အန်တီကို သီးခြားကမ္ဘာထဲခေါ်မှာပါ ဒါကြောင့် အန်တီ ရွယ်နဲ့ပတ်သတ်ပြီတော့ မပူပန်ပါနဲ့နော်"

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now