အခန်း(၃၁)

13.6K 946 21
                                    

"ပျို ...."

ဖြေးညှင်းစွာ သူ့ ခေါင်းလေးအား ခါပြရှာသည့် ပျို ။

"မငိုနဲ့..."

လေသံတိုးတိုးလေးနှင့် ပြောနေသည့် အတွက်ရွယ် မကြားပေ။

"ဘာပြောချင်တာလဲပျို " ဟု ဆိုလျှက် ရွယ် လည်း ပျို့ နှုတ်ခမ်းနားသို့ ကပ်လာတော့သည်။

"မောင် ...မငိုပါနဲ့ "

ငိုချင်ရဲ့ လက်တို့ ဖြစ်နေသည့် ရွယ်လည်း ပျို တားကာမှ​ ငိုမိသည်။

"ပျိုရယ်..."

ခေါင်းလေး ခါပြရင်း ရွယ့် လက်များ အား ဖွဖွလေး ကိုင်လိုက်သည့် ဆေးသွင်းထားသည့် ပျို့၏

လက်ချောင်းလေးများကို ရွယ် တယုတယ ကြည့်နေမိသည်။

"လှနေတုန်းပါပဲ ..."​ဟု ဆိုလျှက် ရွယ်လည်း ပျို့ လက်ဖမိုးလေး အား ဖွဖွလေး နမ်းလိုက်သည်။

"စိတ်ပူ နေခဲ့ရတာ ပျို ရယ် ၊ ကျေးဇူး ...ကျေးဇူး တင်ပါတယ် အချစ်ရယ် သတိရလာပေးလို့ " ဟု ဆိုရင်း တရှုတ်ရှုတ် ငို နေမိသည်။

"ဟင့်အင်း ....မငိုပါနဲ့ မောင်"​ဟု ပြောသည့် လေသံ လေး က အစ ရွယ့်အတွက် သနား စိတ် ဖြစ်ပေါ်စေသည်။

"ပင်ပန်းခဲ့ကြပြီ.."

ထိုစကားကြောင့် အန်တီသင်းနှင့် ရွယ် ငိုတော့သည်။

"မမပျို နေကောင်းလာဖို့သာ အရေးကြီးတာပါ မမပျိုရယ် "

"ပျို သာ ပင်ပန်းခဲ့ရတာပါ ၊ ပျို ပင်ပန်းခဲ့ရပါပြီ " ဟု ပြောကာ လက်လေးများကို နမ်းနေတော့သည်။ထိုအချိန်ထိုကဲ့သို့ နမ်းနေသည့် ရွယ့် ကို ကြည့်နေသည့် ပျို့ မျက်ဝန်းများမှာ အချစ်၏ အရိပ်လေးများ ပါဝင်နေသည်။

"ကျေးဇူးတင်ပါတယ်" ဟု သူ့လက်လေးကို တယုတယ ကိုင်ထားသည့် ရွယ့် လက်များကို ကြည့်နေမိသည်။

"ပိန် ..ပိန်သွားတယ် "

ရွယ့် မျက်ဝန်းများ စိုရွဲ နေတော့သည်။

"ဟင့်အင်း ..."ဟု ပြောရင်း ရွယ့်လည်း ခေါင်းလေး ခါရင်းပင်။

"ပျို့ ကို မောင် စိတ်အရမ်းပူခဲ့ တာ ၊ မောင် သေမှာထပ်ပိုပြီး ပျိုမရှိပဲ ရှင်သန် ရမှာကို ပိုကြောက်ခဲ့တာ" ဟု ပြောရင်း ကိုင်ထားသည့် လက်လေးကိုသာ ကြည့်ပြီ ငိုနေမိသည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now