✿ R i g h t P e r s o n ✿
✿Part(4)✿
"ဒီနေ့ နေ့လည် ကိုယ်တို့ ဆိုဒ်ထဲသွားရမယ် သက်တန့် "
"ဟုတ်ကဲ့ ကျွန်အအသင့်ပြင်ထားလိုက်ပါမယ်"
"ပြီးတော့ ဒီဖိုင်မှာ CEOကို လက်မှတ်ထိုးခိုင်း"
"ဟုတ်ကဲ့"
ကမ္ဘာပေးလာသည့်ဖိုင်ကို ယူလိုက်ရင်း ဦးသက်ရုံးခန်းဆီ ဦးတည်ထွက်လာခဲ့လိုက်သည်။
"ဒေါက် ဒေါက် "
ဦးသက်ရုံးခန်းရှေ့ တံခါးခေါက် အချက်ပေးလိုက်တော့ ဦးသက်က ဝင်ခဲ့ဖို့ပြော၍ သက်တန့်ဝင်လာခဲ့လိုက်သည်။
အထဲမှာ ဦးထွဋ်လည်းရှိနေသည်။
"CEO "
"သက်တန့် ဘာကိစ္စရှိလို့လဲ "
"ဦးကမ္ဘာက ဒီဖိုင်မှာ CEOရဲ့လက်မှတ်လိုတယ်ပြောလို့ လာထိုးခိုင်းတာပါ "
"ဪ အခုထိုးပေးလိုက်မယ်
ဒါနဲ့ CEOအစား ဦးသက်လို့ခေါ်လည်းရတယ်သက်တန့် ဒီမှာက ရင်းနှီးတဲ့သူတွေပဲရှိတာ ""တောင်းပန်ပါတယ် CEO ဒါက လုပ်ငန်းချိန်မှာဆိုတော့..."
"အိုခေ ဖိုင်ကိုတစ်ချက်ကြည့်ပြီးရင် လက်မှတ်တစ်ခါတည်းထိုးပေးလိုက်မယ် ထိုင်..."
"ဟုတ်ကဲ့ "
သက်တန့် ဦးထွဋ်ရှေ့ဝင်ထိုင်တော့ ဦးထွဋ်က သက်တန့်ကိုတစ်ချက်သာကြည့်ပြီး မဲ့ပြုံးပြုံးသည်။
"အဟွန်း ကမ္ဘာ့သိမ်းပိုက်ရဲ့လက်ထောက်နေရာက အဆင်ပြေရဲ့လား "
"ပြေပါတယ်ဦးထွဋ် "
"အဲ့ကောင်က မင်းကို ကူညီလို့ မင်းဆီက ဘာရလိုက်လဲ သက်တန့် "
ကူညီတယ် ဘာကိုပြောတာလဲ?
သက်တန့် သူ့ဆီက ဘာအကူအညီမှမယူဖူးဘူးပါဘူး။"ဦးကမ္ဘာက သက်တန့်ကို ကူညီတယ်ဆိုတာ ဘာကိုပြောတာလဲ ဦးထွဋ်"
"မသိဘူးလား မင်းတရားမဆွဲခံရဖို့ ကိုယ့်ဆီလာသောင်းကျန်းသွားတာ "
"ရှင် "
သက်တန့်တစ်ကယ်ပင်မသိပါ။ နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ကိစ္စရဲ့နောက်ကွယ်မှာ ဦးကမ္ဘာက ကူညီခဲ့တယ်ဆိုတာကို သက်တန့်မထင်ထားမိပါ။
YOU ARE READING
Right Person [Completed]