Part(11)

4.7K 147 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(11)✿

Helmetကြောင့် ခေါင်းကို မထိဘဲ ကျောရိုးသာအက်သွားသည်။ အက်ရုံတင်အက်တာမို့ ဆေးရုံမှာအငြိမ်ထိုင်နေလိုက်ရင် တစ်လလောက်ဆို သက်သာပြီဖြစ်သည်။

သက်တန့်နဲ့မှ အလုပ်အတူတူတက်မယ်ဆိုပြီးပြောခဲ့တာ နမိတ်တစ်ခုအလား...

"တော်သေးတယ် ကြီးကြီးမားမားထိခိုက်တာမရှိဘူးတဲ့ ကိုကမ္ဘာ့သိမ်းပိုက်က ဘာလို့ မြို့ပြင်ဘက်ကို သွားခဲ့တာလဲ အဲ့ဘက်မှာ နေတဲ့သူမှမရှိတာ"

သောအမေးကို သက်တန့်လည်းမဖြေနိုင်ပါ။ သူဘာလို့ အဲ့ဘက်ကိုသွားခဲ့တာလဲဆိုတာ စဉ်းစားလို့မရ။ အင်းလေ သက်တန့်မှသူ့အကြောင်းမသိတာ။ ဘယ်လိုလုပ် စဉ်းစားလို့ရမှာလဲ။

"သူ ဒီနေ့ ညနေကတည်းက ထွက်သွားတာတွေ့လိုက်တယ် မတော်တဆမှုဖြစ်တာ လွန်ခဲ့တဲ့နှစ်နာရီကဆို အဲ့မတိုင်ခင် သူဘယ်မှာရှိနေတာလဲ"

သက်တန့်အတွေးကြောင့် သောမျက်နှာပျက်သွားသည်။ သောနဲ့ ကမ္ဘာတွေ့တာ သက်တန့်မှမသိသေးတာ။

"မဟုတ်မှ ရန်ဖြစ်နေတာလား"

"ရန်.ရန်ဖြစ်တယ် "

"အင်း သူ့နောက်ကို လိုက်တဲ့လူတွေရှိတယ် သက်တန့်အထင် အဲ့လူတွေလက်ချက်ပဲဖြစ်မှာ"

"ဖြစ်နိုင်တယ် "

သောခေါင်းငြိမ့်လိုက်ပြီး သက်တန့်ကိုကြည့်သည်။ သက်တန့်ကို မခြယ်နဲ့ကမ္ဘာရဲ့ပတ်သတ်မှုကို ပြောပြရမလား၊မပြောရဘူးလားဆိုတာ သောဝေခွဲမရဖြစ်နေမိ၏။

ခဏတာလောက် လွန်ဆွဲအပြီးမှာ ပြောပြဖို့ဆုံးဖြတ်လိုက်၏။

အခုမပြောဘဲ နေရင် ကိုကမ္ဘာ့အပေါ် သက်တန့်ခံစားချက်တွေကျွံလာတဲ့အခါ သက်တန့်ပိုပြီးခံစားရလိမ့်မယ်။

"သက်တန့် သောပြောစရာရှိတယ် "

"အင်း ပြောလေ သောရဲ့..."

"တစ်ကယ်တော့..."

"ကိုကမ္ဘာ့သိမ်းပိုက်ရဲ့လူနာရှင်က ဘယ်သူပါလဲရှင့်"

နောက်က သူနာပြုဆရာမလေးရဲ့အသံကြောင့် သောစကားတို့ ထပ်မထွက်လာတော့။ သက်တန့်လည်း သောစကားကို ဆက်နားမထောင်တော့ဘဲ ဆရာမလေးဆီ‌‌သွားလိုက်၏။

Right Person [Completed]Donde viven las historias. Descúbrelo ahora