Part(15)

4.3K 136 2
                                    

✿ R i g h t  P e r s o n ✿

                ✿Part(15)✿

နောက်တစ်ရက် ကုမ္ပဏီရောက်တော့ သက်တန့်နဲ့ကမ္ဘာကို ဝန်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့်နဲ့။ တစ်ချို့ဆို စကားတွေတောင် ‌တွတ်တိုးကာပြောနေကြ၏။

သူတို့နဲ့ ရာထူးတန်းတူတွေဆို ပေါ်တင်ပင်ပြောသည်။ အရင်ကတည်းက CEOဦးသက်နဲ့ဦးထွဋ်က သက်တန့်ကို ဂရုတစိုက်ရှိလှသည်မလို့ ပြောချင်နေတာကြာလှပြီ။ အခု‌ ကမ္ဘာနဲ့ဆိုတော့ ‌ပိုပြီးပြောဆိုကြသည်။

သူနဲ့သက်တန့်က တစ်အိမ်ထဲမှာနေတဲ့ သူတွေတဲ့။ ပြောရမယ်ဆိုရင် လက်မထပ်ဘဲ living togetherနေတဲ့ ချစ်သူတွေလို့ဆိုလိုတာပေါ့။

သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ ဒီစကားတွေကို သိပ်ပြီးမခံစားပါ။ သက်တန့်ကတော့ အတော်လေးကို မျက်နှာပျက်နေသည်။ မာနကြီးပြီး သိက္ခာရှိရှိရပ်တည်နေတဲ့ သက်တန့်က ဒီလိုပြောခံ‌ရတော့ ဝမ်းနည်းမှာပဲ။

ထင်သည့်အတိုင်းပင် ရုံးခန်းထဲရောက်တော့ သူ့ကို ထုရိုက်ကာ ငိုသည်။ တော်ယုံမျက်ရည်ကျဖို့မလွယ်တတ်သည့် သက်တန့်က ငိုနေတယ်ဆိုတော့ အတော်ကို ဒေါသထွက်နေပုံရသည်။

"ရှင့်ကြောင့် ရိပ်မိကုန်တာ...မနေ့က ဘာလို့ရှင်က ဖုန်းဆက်ပြီးခွင့်တိုင်ရတာလဲ "

သူ သက်တန့်လက်တွေကို ဆုပ်ကိုင်လိုက်ပြီး ဖက်သည်။

"ပတ်ဝန်းကျင်က ဘယ်လိုပဲမကောင်းပြောနေပါစေ အချိန်တန်ရင်ရပ်သွားကြမှာ ချစ် အဲ့တာတွေထိ လိုက်ပြီး ခံစားမပေးနဲ့ "

"လူဆိုတာ ပတ်ဝန်းကျင်နဲ့နေရတာ...ရှင်မသိဘူးလား ကျွန်မ တစ်ခါမှ အဲ့လောက်ရက်ရက်စက်စက်အပြောဆို မခံရဖူးဘူး "

"ကိုယ်တို့တရားဝင်လက်ထပ်မလား ဒါဆိုသူတို့ထပ်ပြီးမပြောရဲတော့ဘူး "

"ဟင့် ရှင်နော်..."

သက်တန့်မျက်စောင်းထိုးကာ ထပ်မပြောတော့ဘဲ ငြိမ်နေလိုက်၏။ သတိထားဖို့ပြောမလို့ကို လက်ထပ်မယ်ဆိုတဲ့စကားကြောင့် မပြောမိတော့။

ဘယ်လိုပြောရမလဲဆိုတာ စကားရှာနေတုန်း!

"ဒေါက်!...ဒေါက် "

Right Person [Completed]Where stories live. Discover now