Part(28)

4K 135 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(28)✿

ကုမ္ပဏီက မြေအောက်ကားပါကင်မှာ သုံးရောင်ခြယ်က ကမ္ဘာရဲ့ကားနားထိ စောင့်နေသည်။ ကမ္ဘာရုံးဆင်းလာသည်နှင့် ချက်ချင်းပင်အနားကိုပြေးလာကာ...

"ကမ္ဘာ ဘာလို့ ငါ့အပေါ်ဒီလိုလုပ်ရက်တာလဲ "

သုံးရောင်ခြယ်ပုံစံက တစ်ကယ့်အရူးမလိုပင်။ ဆံပင်တွေက ပွယောင်းနေပြီး ငိုထား၍ မျက်လုံးတို့က နီရဲနေသည်။

"ခင်ဗျားသေချာစဉ်းစားသင့်တယ် ကျွန်တော်က လုပ်ရက်တာမဟုတ်ဘဲ ခင်‌ဗျားက အလျင်လိုနေတာ...ပြီးတော့ မကွာရှင်းသင့်တဲ့သူကိုကွာရှင်းပြီး ကုမ္ပဏီကိုရော ခင်ဗျားပိုင်ဆိုင်မှုတွေကိုပါ လက်လွှတ်ခဲ့ရတာ...ခင်ဗျားကို မရချင်တဲ့သူတစ်ယောက်အတွက် ခင်ဗျားကို ချစ်ပေးတဲ့သူကို ခင်ဗျားလက်လွှတ်ခဲ့ရတာ ဒါတွေအားလုံးက ခင်ဗျားကြောင့်ပဲ "

"မဟုတ်ဘူး ငါ မင်းအပေါ်ဒီလောက်ချစ်ခဲ့တာ...မင်းအတွက် မင်းလိုချင်တာအားလုံးဖြည့်ဆည်းဖို့အတွက် ငါ့လုပ်ခဲ့တာ "

အမြင့်ကိုမြန်မြန်ပြန်တက်ဖို့ ခန္ဓာကိုယ်ကို ရောင်းစားခဲ့ရတာ။ နောက်ဆုံး ဘာမှမကျန်တော့တာဘဲ အဖက်တင်တယ်။

"ဒါတွေ ကျွန်တော်မလိုအပ်ဘူး အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ "

သုံးရောင်ခြယ်ချစ်ရတဲ့လူသားကတော့ အဆုံးထိ ငြင်းဆန်ခဲ့သည်။

လူတွေပြောကြတာ အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးတဲ့။ ဒါပေမဲ့ ကမ္ဘာရဲ့မျက်ဝန်းထဲမှာ သူမကိုချစ်တဲ့အရိပ်အယောင်လေးတောင်မရှိတော့။

"စည်းကို ခဏနေ အိမ်က ဝင်ခေါ်လိုက်မယ်"

"ဘာ.ဘာလို့လဲ ငါ့သားလေ ဘာလို့ခေါ်မှာလဲ"

"စည်းက ခင်ဗျားသားဟုတ်တယ် ဒါပေမဲ့ ခင်ဗျားက မွေးယုံတင်မွေး‌ထုတ်ခဲ့တာ သက်တန့်ကမှ မိခင်တစ်ယောက်ရဲ့တာဝန်ကို ဖြည့်ဆည်းပေးခဲ့တာ..."

"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်စည်းက ငါ့သား...ခေါ်ချင်တိုင်းခေါ်လို့မရဘူး "

"ဒေါ်သုံးရောင်ခြယ် သက်တန့်က ခင်ဗျားလက်ထဲ စည်းကိုထည့်ပေးခဲ့တယ်ဆိုတာ ခင်ဗျားက အမေအရင်းဆိုတာကြောင့် မဟုတ်ဘူး...တရားဥပဒေအရ စဉ်းစားမယ်ဆိုရင် မွေးပြီးပြစ်သွားတဲ့အမေထက် ငါးနှစ်တာ ကျွေးမွေးခဲ့တဲ့အမေက ဘယ်ဘက်က ဘယ်သာမယ်လို့ထင်လဲ ပြီးတော့ စည်းရဲ့မွေးစာရင်းမှာ အမေနာမည်က ‌သက်တန့်တစ်ယောက်တည်းပဲ...ဒါကို ခင်ဗျားနားလည်သင့်တယ်...အကယ်၍ စည်းကို ပြန်မပေးဘူးဆိုရင် ခင်ဗျားရင်ဆိုင်ရမဲ့ ပြဿနာက ခင်ဗျားအတွက်လွယ်မှာမဟုတ်ဘူး "

Right Person [Completed]Where stories live. Discover now