✿ R i g h t P e r s o n ✿
✿Part(29)✿
"ကိုထွဋ် ဦးရော..."
မနက်လင်းလင်းချင်း အရင်ဆုံးမေးလိုက်မိတာက ဦးသက်ကိုပါ။ မနေ့က ကိုထွဋ်လာခေါ်လို့ လိုက်လာပေမဲ့ အခုထိ ဦးသက်အရိပ်အယောင်ကို မတွေ့ရသေးပါ။
"မရှိဘူး "
"ဘာ! ဒါဆို နင် ငါ့ကို လိမ်ခေါ်ခဲ့တာလား"
"ငါက ဘာလို့ မင်းလိုမိန်းမကို လိမ်ခေါ်ရမှာလဲ မင်းနေရာမှာ သက်တန့်ဆိုရင်တောင် လိမ်ခေါ်ဦးမယ် "
ကိုထွဋ်ရဲ့ရွဲ့တဲ့တဲ့စကားမှာ သုံးရောင်ခြယ် စိတ်ဆိုးသွားရရင်း...
"နင် အဲ့မိန်းမနဲ့ ငါ့ကို မနှိုင်းနဲ့..."
"ဪဟုတ်သား...မင်းတို့က နှိုင်းယှဉ်သင့်တဲ့သူတွေမှမဟုတ်တာ "
ကိုထွဋ်စကားကြောင့် သုံးရောင်ခြယ် စိတ်ကျေနပ်သွားယုံရှိသေး...နောက်ဆက်တွဲပြောလာသည့်စကားကြောင့် မျက်နှာနီရဲကာ ဒေါသထွက်သွားသည်။ ကိုထွဋ်ပြောလိုက်တာက...
"မင်းက မစင်ဆို သက်တန့်က မင်းသမီး...ကမ္ဘာ့သိမ်းပိုက်ဘေးမှာ ထိုင်ခွင့်ရတဲ့သူလေ..."
"နင်!...နင်လည်းဘာထူးလဲ သက်တန့်က ပြန်မကြိုက်တဲ့အပြင် ကမ္ဘာကပါ နင့်ကို လူတောထဲမဝင်နိုင်တဲ့ ဝရမ်းပြေးဖြစ်အောင်လုပ်ခံရတာ...နည်းသေးတယ် ဘယ်ဟာကို အလေးထားသင့်တယ်ဆိုတာ သိမှမသိတာ "
ကိုထွဋ်မျက်နှာမှာ နာကျည်းရိပ်တွေ မျက်နှာမှာ ပေါ်လာပေမဲ့ ထိုနာကျည်းရိပ်ကို ချက်ချင်းပင်ဖျောက်ကာ...
"ငါက တခဏတာ စိတ်လွှတ်သွားတာ...မင်းက ကိုသက်ကို စွန့်ပြစ်တဲ့ထိကို ရူးသွားတာ...မင်းကမှ တစ်ကယ့်အရူးမ "
"အခုကစပြီး သုံးရောင်ခြယ်က မရူးတော့ဘူး...ကမ္ဘာကိုချစ်မိတဲ့နှလုံးသားကို သတ်လိုက်ပြီ..."
"စောင့်ကြည့်ကြသေးတာပေါ့ "
ကိုထွဋ်က ပုခုံးတွန့်ပြကာ မယုံသလိုနှင့်။
"ဦးက ဘယ်သွားတာလဲ "
"ကိုသက်က နယ်ဘက်ကိုသွားခဲ့တယ်...သူ့အလုပ်ရှင်က မြေကွက်သွားကြည့်တာ လိုက်သွားပေးတယ် "
YOU ARE READING
Right Person [Completed]