✿ R i g h t P e r s o n ✿
✿Part(35)✿
✿Final Part✿
"မွ..."
မနက်ခင်း နှုတ်ခမ်းကို အနမ်းခံလိုက်ရတာကြောင့် သက်တန့်ပြုံးကာ လူးလိမ့်နေမိ၏။
အိမ်မက်ထဲမှာ ကိုက သက်တန့်ကို နူးညံ့ညင်သာစွာ အနမ်းပေးနေတာ။ အပြင်မှာပါ ခံစားလိုက်ရတော့ မျက်နှာက ပြုံးသွားသည်။
"မွ..."
နှုတ်ခမ်းကို နောက်တစ်ကြိမ်လာထိတော့မှ အိမ်မက်မဟုတ်မှန်းသိလိုက်ရသည်။ ဟုတ်သားပဲ အခုရက်ပိုင်း ကိုက နေ့တိုင်း သက်တန့်ကိုလာနိုးနေတာပဲ။
"ကို...မနမ်းနဲ့လေ...မျက်နှာတောင် မသစ်ရသေးဘူး"
"ကိုယ်က ဘာမှမဖြစ်ဘူး အိုခေတယ်"
"သက်တန့် မအိုခေဘူး "
သက်တန့်က ပြောရင်း ထထိုင်သည်။ မျက်နှာကတော့ အိပ်ချင်မူးတူးရုပ်ဖြစ်နေတုန်း။
"အိပ်ရေးမဝသေးရင် အလုပ်နားလိုက် "
"ဒီCEOကတော့...ဝန်ထမ်းကိုဒီလောက်အလိုလိုက်နေတာ မွဲတော့မှာပဲ"
"မင်းမို့လို့..."
အိပ်ယာပေါ်က ဆွဲချပြီး ဆွဲဆောင်မှုရှိစွာပြောလာသည်။
"သက်တန့်က ပတ်ဝန်းကျင်ကို ဂရုစိုက်တယ်နော်...အဲ့လိုလုပ်လို့မရဘူး အခုတောင် ကုမ္ပဏီကလူတွေ ပြောနေကြတာ"
"ဘယ်လိုပြောတာလဲ "
မသိသလိုနဲ့ တအံ့တဩမေးခွန်းထုတ်လာ၏။ သက်တန့်မျက်စောင်းထိုးပြစ်လိုက်ပြီး...
"ကျွန်မက CEOရဲ့ချစ်သူမလို့ ကျွန်မက လုပ်ချင်သလိုလုပ်လို့ရတယ်တဲ့...B&Wလိုကြီးမားတဲ့ပရော့ဂျက်ကိုလည်း သက်တန့်ကရတာ CEOကြောင့်တဲ့လေ "
"ဘယ်သူပြောတာလဲ ကိုယ်အလုပ်ထုတ်မယ်"
သက်တန့်ကို ရေချိုးခန်းထဲ ဝင်စေကာ သူက သွားတိုင်တံထဲ သွားတိုက်ဆေးထည့်ပေးရင်းဆိုလာသည်။
"ရှင်အလုပ်ထုတ်လိုက်တော့ ပြီးသွားရောလား..."
"ဒါဆို ချစ်က သူတို့ပါးစပ်ပိတ်သွားအောင် ကြိုးစားပြလိုက်ပေါ့ "
YOU ARE READING
Right Person [Completed]