✿ R i g h t P e r s o n ✿
✿Part(20)✿
"မောင်!.."
"ကျစ်...ခင်ဗျားဘာလာလုပ်တာလဲ ကျွန်တော့်အခန်းက ဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်ဘူး "
ကမ္ဘာစိတ်ပျက်စွာပြောလိုက်မိသည်။ တော်သေးသည် သက်တန့်က အလုပ်အတွက် CEOကိုတင်ပြဖို့သွားခဲ့တာ။
"မောင်အရင်နေ့က ရက်စက်သွားတဲ့ကိစ္စကို လာပြောတာ "
ခဏက ကမ္ဘာ့မျက်နှာတည်တင်းနေတာက အနည်းငယ်လျော့သွားသည်။ သုံးရောင်ခြယ်က ဒါကို ရိပ်မိပြီး ကမ္ဘာထိုင်နေသည့်နေရာနားရောက်လာကာ လက်ကိုလာကိုင်တော့ သူရှောင်သည်။
"မောင် အဲ့နေ့ကဖုန်းကိုကိုင်လိုက်တယ် ဒါပေမဲ့ မောင်က ဘာမှမဖြစ်သွားဘူးပဲ "
ဟုတ်ပါတယ်။ အဲ့နေ့မနက်က ကမ္ဘာ့ဆီလာတဲ့ဖုန်းက သုံးရောင်ခြယ်ဆီကပင်။ သူစကားပြောဖို့ပြင်လိုက်တော့ သက်တန့်အသံထွက်လာ၍ သူငြိမ်ပြီးနားထောင်နေတာဖြစ်သည်။
"သူက မောင့်ကိုအသုံးချနေတာ "
"မဟုတ်ဘူး ကျွန်တော် သက်တန့်ကိုယုံတယ် အဲ့လိုမလုပ်ဘူး "
"မောင်ထင်လို့ပါ မောင်က အခုမှသက်တန့်နဲ့တွေ့တာ...ခြယ်က လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက သက်တန့်အကြောင်းသိလာတာ "
"အဟက် ဘာလဲ...သက်တန့်အစ်ကိုနဲ့သဘောမတူလို့ အတင်းလက်ထပ်ခဲ့တဲ့အကြောင်းလား..."
"ဟုတ်တယ် သက်တန့်က အရမ်းအချစ်ကြီးတယ် အဲ့လိုပဲ အမျက်လည်းကြီးတယ်...ခြယ် စည်းနဲ့လက်ထပ်မယ်ဆိုတော့တစ်ချက်မှလှည့်မကြည့်ဘဲ ထွက်သွားခဲ့တာ...မင်္ဂလာပွဲလည်းမလာဘူး စည်းသေတဲ့အထိတောင် သူ့ဆီက ခွင့်လွှတ်မှုကို မရခဲ့ဘူး "
သုံးရောင်ခြယ်စကားဆုံးသည်နှင့် သူ့ရဲ့ဒေါသအနည်းငယ်ပါတဲ့အသံကထွက်လာသည်။
"ဒါတွေဘာလို့ ကျွန်တော့်ကိုပြောပြနေတာလဲ..."
"သက်တန့်ရဲ့အသုံးချခံထဲ မပါစေချင်လို့...မောင်ကသက်တန့်ကို ယုံနေပေမဲ့ သက်တန့်ကမောင့်ကို ယုံပါ့မလား "
YOU ARE READING
Right Person [Completed]