Part(21)

3.5K 112 1
                                    

✿ R i g h t  P e r s o n ✿

                ✿Part(21)✿

မနက်ပိုင်းမှာ သက်တန့်ရော စည်းရော သူ့ဆီရောက်မလာပါ။ ပုံမှန်ဆို စည်းကအမြဲလာတတ်သည်။ ဒီနေ့ကျပေါ်မလာပါ။ အခန်းတံခါးခေါက်တော့ ဘယ်သူမှထွက်မလာခဲ့။

"မောင်လေး ညီမက သွားခဲ့ပြီ "

ဘေးခန်းက အစ်မတစ်ယောက်က လာပြောပြသည်။

"ဟုတ်ကဲ့ "

သက်တန့်အရမ်းစိတ်ဆိုးသွားတယ်ထင်တယ်။
T Familyကိုရောက်တော့ နောက်ပရော့ဂျက်အတွက် အလုပ်တွေက တန်းစီနေသည်။ သက်တန့်က သူ့လက်ထောက်ဆိုပေမဲ့ အစပိုင်းမှာတော့ အမြဲတမ်းအတူတူတွဲမလုပ်ရ။

သူက မြေနေရာသွားကြည့်ရင် သက်တန့်က ရုံးခန်းမှာ လိုအပ်တာတွေ စာရင်းလုပ်ရသည်။
ဒီဇိုင်နာဆီက ‌ဒီဇိုင်းကိုယူပြီး CEOဆီကနေ လက်မှတ်ယူရသည်။
မျိုးစုံပါပဲ။

ညနေပိုင်းမှာလည်း ရုံးအတူတူမဆင်းရပေ။ သူကအလုပ်ပိုရှုပ်၍ စည်းကိုတော့ သက်တန့်ကပဲသွားကြိုသည်။

သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့ရတာက တိုက်ခန်းရောက်မှပင်။

"သက်တန့် "

"ကျွန်မ ပင်ပန်းနေတယ် နောက်မှပြောရအောင်"

သက်တန့်ပုံစံက တစ်ကယ်ပင် ပင်ပန်းနေပုံပေါက်၍ ဆက်မပြောဖြစ်တော့။

နောက်ရက်ကိုစောင့်ရင်း သူ ဒီညအိပ်မပျော်တော့ပါ။

✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿

ဒီနေ့ သောကို အိမ်ကအမေက ကြင်ဖက်တွေ့ခိုင်း၍ ချိန်းဆိုထားသည့်ဆိုင်ကိုရောက်လာခြင်းဖြစ်သည်။

သောပုံစံက အရင်ကနဲ့မတူဘဲ ထူးခြားနေသည်။
ထိုသို့ထူးခြားအောင်တမင်လုပ်ခဲ့တာ။

မျက်မှန်အကြီးစားကိုတပ်ပြီး ဆံပင်ကို အကြေကောက်ကောက်ထားသည်။ ပြီးတော့ မိတ်ကပ်ကို ကွတ်တိကွက်ကြားလိမ်းကာ နှုတ်ခမ်းနီကိုလည်း ရဲ‌နေအောင်ဆိုးထားသေးသည်။

"အဟင်း "

ရုပ်ဆိုးလှသည့်ကိုယ့်ရုပ်ကို တွေးမိရင်း ကြင်ဖက်ထွက်ပြေးသွားမှာကို တွေးမိပြီး ရယ်လိုက်မိ၏။

Right Person [Completed]Where stories live. Discover now