Part(12)

4.5K 135 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(12)✿

"ခွပ်..."

"ဘာလို့ ကျွန်တော့်ကို ထိုးတာလဲ ကိုသက် "

"ငါက မင်းကို တိတ်တိတ်လေးနေဖို့ မပြောဘူးလား...ငါမခိုင်းမချင်း ကမ္ဘာကိုမထိပါနဲ့ပြောထားဝာာကို တောက်စ်..."

ကိုသက်စိတ်တိုစွာ ဆိုဖာကိုသာ ထိုးလိုက်မိ၏။ ကိုထွဋ်ကတော့ အထိုးခံလိုက်ရ၍ မျက်နှာက ခက်ထန်နေသည်။

"ကျွန်တော် ပညာပေးရုံပါ အသေမသတ်ပါဘူး "

"မင်းကြောင့် ငါ့အစီအစဉ်တွေပျက်စီးကုန်ပြီ"

"အစီအစဉ်ရှိမှန်းသိရင် ကျွန်တော်ဒီလိုလုပ်ပါ့မလား "

ကိုထွဋ်ကို စူးစိုက်ကြည့်ရင်း အကြည့်ပြန်လွှဲသွားသည့် ကိုသက်။

"သွားတော့ ကမ္ဘာဘက်က ဘာမှမလုပ်ခင် အရင်ဆုံးပုန်းနေလိုက်..."

ကိုထွဋ်က ဆက်ပြီး အတွန့်မတက်ပေမဲ့ မကျေနပ်စွာ ဘုကြည့်ကြည့်ပြီး ထွက်သွားသည်။
ကမ္ဘာထိခိုက်ရတာ ဘယ်သူ့ကြောင့်လဲဆိုတာ ခြယ်အားလုံးကြားသွားခဲ့သည်။

ကမ္ဘာထိခိုက်တာ ဦးကြောင့်တဲ့လား...

✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿

"သက်တန့် ရောက်လာပြီလား "

တံခါးပေါက်က ဝင်လာကတည်းက ပြုံးပြနှုတ်ဆက်နေသည့် ကမ္ဘာက မနေ့ကနဲ့မတူဘဲ ထူးခြားနေသည်။

"အင်း...ဒဏ်ရာက ကိုက်သေးလား "

"မကိုက်ဘူး သက်တန့်...ဒေါက်တာတွေက ဂရုစိုက်ကြတယ် "

"အင်း လိုတာရှိရင် ကျွန်မကိုပြောလို့ရတယ်...ဘာစားချင်သေးလဲ "

"တော်ပြီ ကိုယ် အပြက်ထွက်ချင်တယ် "

"ဒေါက်တာတွေက ပေးထွက်လို့လား "

"အင်း ဆေးရုံကပန်းခြံမှာ နေလို့ရတယ်တဲ့ "

"ကောင်းပြီလေ..."

ကမ္ဘာကို ဝှီးချဲပေါ်သေချာတွဲခေါ်ကာ သက်တန့်ကနောက်ကတွန်းရင်းထွက်ခဲ့ပြ၏။ ဆေးရုံက ဒေါက်တာတွေသာမက ဝန်ထမ်းအားလုံးက သက်တန့်နဲ့ကမ္ဘာကို ဇနီးမောင်နှံထင်ကာ လိုက်ဖက်တယ်ဆိုပြီး ချီးကျူးကြသည်။

Right Person [Completed]Où les histoires vivent. Découvrez maintenant