Part(1)

17.7K 387 0
                                    

     ✿ R i g h t  P e r s o n ✿

               ✿Part(1)✿

"ခြယ် မင်းထွက်သွားရင် ကိုယ် ဒီနားမှာရှိသမျှ လူတွေကို ဆိုင်ကယ်နဲ့တိုက်ပစ်မှာ...မလုပ်ရဲဘူးမထင်နဲ့..."

လမ်းမကြီးထက်မှာ ကောင်မလေးတစ်ယောက်ရဲ့လက်ကို ဆွဲပြီး ခြိမ်းခြောက်နေသည့် ကောင်လေး...လက်ဆွဲထားတာကို ဖြုတ်ချပြီး မျက်နှာချင်းဆိုင် တည့်တည့်ကြည့်ကာ ကောင်မလေးပြောလိုက်သည်က-
"ကမ္ဘာ အဲ့လောက်ထိမိုက်ရူးရဲမဆန်နဲ့..."တဲ့။

ထိုအခါကောင်လေးက ကောင်မလေးရဲ့ပုခုံးကို တင်းတင်းဆုပ်ကိုင်ကာ...

"ကိုယ့်ကိုမထားခဲ့ပါနဲ့ခြယ်...ကိုယ်မင်းမရှိရင် မနေနိုင်ဘူး..."

"ဟင့်အင်း ခြယ်လက်ထပ်တော့မယ်..."

"ခြယ် မသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ်...ကိုယ်မဆိုးတော့ပါဘူး ရန်လည်းမဖြစ်တော့ဘူး အလုပ်ကိုပဲအာရုံစိုက်ပါမယ်..."

လှည့်ထွက်သွားသည့်ကောင်မလေးရဲ့နောက်ကျောကို သိုင်းဖက်ကာ မသွားဖို့တောင်းဆိုနေပြန်သည့်ထိုကောင်လေး...မျက်နှာထက်မှာ မျက်ရည်တွေက ယောကျာ်းတန်မဲ့ပြည့်လျှံနေလျက်...

"ခြယ်ဆုံးဖြတ်ပြီးပြီ ကမ္ဘာ...ခြယ်နဲ့ရှင်က မလိုက်ဖက်တဲ့သူတွေပဲ ရှင်သိလား ခြယ်ဘဝမှာ အလိုချင်ဆုံးဆန္ဒက ဘာလဲဆိုတာ..."

"ပိုက်ဆံများများရှာပြီး ပြည့်ပြည့်စုံစုံနေချင်တာ..."

"ဒါမဲ့ ရှင့်မှာ အဲ့တာတွေမရှိဘူးလေ..."

"ကိုယ်ရှာလို့ရပါတယ်...ကိုယ်..."

"တော်တော့ ကမ္ဘာ ခြယ်လိုချင်တာ ပါးစပ်ကပြောတဲ့ ပိုက်ဆံမဟုတ်ဘူး...ရှင့်မှာ ဒီဆိုင်ကယ်ကလွဲရင် တခြားဘာပိုင်ဆိုင်မှု တစ်ခုမှမရှိဘူး...ပိုက်ဆံကို ဘယ်လိုရှာမှာလဲ...ရှင် ဘယ်လိုပဲကြိုးစားရှာရှာ စည်းကိုတော့ မမှီဘူး..."

"စည်း??"

"စည်းက ခြယ်လက်ထပ်မဲ့သူပဲ...စည်းက ရှင့်ထက် အဆများစွာသာတယ်...အလုပ်ရော ပိုင်ဆိုင်မှုရော အားလုံး..."

"အဟက်...နောက်ဆုံးတော့ မင်းက ငွေမက်တယ်လို့ပြောထွက်လာပြီပဲ..."

Right Person [Completed]Where stories live. Discover now