✿ R i g h t P e r s o n ✿
✿Part(17)✿
"ကျေးဇူးတင်ပါတယ် အန်ကယ် ချက်ချင်းလာပေးလို့ "
ကမ္ဘာ အန်ကယ်ဦးရဲသွေးသစ်သျှန်ကို ကျေးဇူးတင်စကားပြောလိုက်သည်။ သို့သော် ဦးသျှန်က ပြုံးကာခေါင်းခါပြသည်။
"မဟုတ်တာ မင်းအသက်အန္တာရယ်ရှိနေချိန်မှာ အန်ကယ်ရောက်လာသင့်တာပေါ့ အန်ကယ်အသက်အန္တာရယ်ဖြစ်တုန်းက မင်းကူညီထားတာပဲ "
ဟုတ်ပါသည်။ ဦးသျှန်က အေးဂျင့်တစ်ယောက်ဖြစ်သလို Gloryဂိုဏ်းကိုပါ ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်၍ နေရာတိုင်းမှာ ရန်သူရှိသည်။ ဘယ်လောက်ပဲ မကောင်းတာကို ရှောင်နေပါစေ။ အရင်က အလုပ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ခံစားရမြဲပင်။
ဦးသျှန် ဘော်ဒီဂတ်တွေမပါဘဲနဲ့ အစည်းအဝေးတစ်ခု တက်နေရာမှ အပြန်လမ်းမှာ လုပ်ကြံခံရမှာဖြစ်သည်။
ကမ္ဘာက ရန်ဖြစ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးလာရာမှ ဦးသျှန်ရဲ့ကားကို တိုက်မိသွားသည်။ အပြင်လူတစ်ယောက်ပါလာ၍ ဦးသျှန်ကိုမလုပ်ကြံလိုက်ရဘဲ နောက်ဆုတ်သွားသည်။
ထို့ကြောင့် ဦးသျှန်က သူ့ကိုကျေးဇူးတင်နေခြင်းဖြစ်သည်။ဦးသျှန်အသက်ကိုကယ်ခဲ့တာ သုံးကြိမ်ရှိခဲ့သည်။
ဦးသျှန်နဲ့ကမ္ဘာရဲ့ရေစက်က ဒီလောက်ပါပဲ။
"ဟိုဘက်ခန်းက မိန်းကလေးက ချစ်သူလား..."
"ဟုတ်တယ်ဗျ "
"အဟွန်း...နောက်ဆုံးတော့ မင်းကချစ်တတ်သွားပြီပဲ "
သူရှက်ပြုံးသာပြုံးမိ၏။ တစ်ကယ်လည်း သူသက်တန့်အပေါ် ချစ်သွားတာပဲ။
"တစ်ရက်လောက် အိမ်ကိုခေါ်ပြီးလာခဲ့...ဒဏ္ဍာရီရော သွေးရောတွေ့ချင်နေကြမှာ "
"ဟုတ်ကဲ့ "
သူခေါင်းငြိမ့်လိုက်၏။
"အန်ကယ့်ကို အကူအညီတစ်ခုတောင်းချင်တယ်"
"ကြိုက်တာတောင်းပါ "
"နောက်ကို သက်တန့်နောက်ကို ဘော်ဒီဂတ်တွေလွှတ်ပေးလို့ရမလား "
YOU ARE READING
Right Person [Completed]