Part(9)

4.7K 155 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(9)✿

"ဘာ.ဘာပြောလိုက်တာ "

"အခုကစပြီး မင်းကို တရားဝင်လိုက်တော့မလို့ လို့..."

သက်တန့်နှုတ်ခမ်းပါးတို့ပွင့်ဟသွားရသည်ထိ အံ့ဩမိသည်။ စတွေ့စဉ်က စကားပြောရင့်သလောက် အခုတော့ သူ့စကားတွေကနွေးထွေးနေတယ်ဆိုတာ မျက်လုံးကနေတစ်ဆင့်မြင်နေရ၏။

"အရင်က မင်းအပေါ် လွန်ကြူးခဲ့တာတွေအတွက် ‌ကိုယ်တောင်းပန်တယ်...ဒါကြောင့် မင်းကြောင့် အခုကစပြီးပြောင်းလဲကြည့်မလို့ မင်းလက်ခံနိုင်မလား "

"ကျွန်မက ကလေးအမေ...ဦးကမ္ဘာ..."

"မင်းပါးစပ်က ဒါကလွဲပြီး ပြောစရာမရှိဘူးလား...ကိုယ်တောင် ကလေးအမေဆိုတဲ့‌ရာထူးကို မစဉ်းစားတာ မင်းက ဘာကိုရှောင်ပြေးချင်နေရတာလဲ မင်းက ကလေးအမေဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ်ဂရုမစိုက်ဘူး "

သက်တန့် ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ဒီလူကို ဘယ်လိုတွန်းထုတ်ရမလဲ။ မခြွေခင်ကတည်းက ညွှတ်ချင်နေတာဆိုပေမဲ့ အတတ်နိုင်ဆုံးတော့ သက်တန့်သိက္ခာကိုထိန်းရမည်။

ပြီးတော့ ကိုထက်!...

"ကျွန်မကိုချစ်ရင် ပင်ပန်းလိမ့်မယ်...နာကျင်စရာတွေများပြီး ဝမ်းနည်းရလိမ့်မယ် "

"ကိုယ်ဂရုမစိုက်ဘူး ကိုယ် မင်းကိုချစ်ဖို့ဆုံးဖြတ်လိုက်ကတည်းက အရာအားလုံးကို လက်ခံနိုင်လို့ပဲ "

သက်တန့် ခေါင်းငြိမ့်လိုက်မိသည်ထင်ပါသည်။

"ကိုယ် မင်းကိုယ့်ကိုချစ်လာတဲ့နေ့ကို စောင့်နေမှ မဟုတ်ဘူး ချစ်လာအောင် သေချာပေါက်လုပ်မှာ..."

ကမ္ဘာရဲ့ဆုံးဖြတ်ချက်တို့သည် ခိုင်မာနေလျက်...
မီးဖိုခန်းက ဒေါ်ချိုကတော့ ခိုးနားထောင်ရင်း သောဆီကို သတင်းပို့နေလေရဲ့။

✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿

ဒေါ်ချိုရဲ့သတင်းပို့မှုကြောင့် နေ့လည်ပိုင်းမှာ သော သက်တန့်ဆီရောက်ချလာပါသည်။ သက်တန့် သောကိုမြင်တော့ တအံ့တဩလေးဖြစ်သွားသည်။

Right Person [Completed]Where stories live. Discover now