✿ R i g h t P e r s o n ✿
✿Part(16)✿
နှစ်ပတ်လည်ပွဲမတိုင်ခင် သုံးရက်အလို!
"ကိုတို့ မနက်ဖြန်ဒိတ်ကြမလားချစ်.."
အကောင်းနေရင်းနဲ့မှ ဒိတ်ဖို့အကြောင်းပြောလာတော့ သက်တန့်က သူ့ကိုအထူးအဆန်းအနေနဲ့ကြည့်လာသည်။
"ဘာကိုဒိတ်မှာလဲ "
"ကိုယ်တို့ချစ်သူစဖြစ်ကတည်းက အပြင်မှာ မဒိတ်ဖူးသေးဘူးလေကွာ...နော် အပြင်မှာ ဒီတ်ရအောင် "
"ကို ထူးဆန်းနေတယ် "
"အဟွန်း မနေ့က ကိုယ်တို့ပန်းခြံမှာ ပန်းသွားမှာတော့ အတွဲတွေမတွေ့ခဲ့ဘူးလား "
ဪ...လက်စသတ်တော့ ဒါကြောင့်ကိုး။ အခုမှ သက်တန့်နားလည်သွားရသည်။ သို့သော် မနက်ဖြန်က တစ်ကယ်ဒိတ်လို့မဖြစ်ပါ။ အကြောင်းအရင်းက စည်းရဲ့မွေးနေ့ဖြစ်နေလို့ပင်။ ခဏကပဲ မနက်ဖြန်စည်းနဲ့အတူနေပေးမယ်လို့ ကတိပေးခဲ့တာ။
ပြီးတော့ ကိုကြီးမွေးနေ့။ အဲ့နေ့မှာ ကိုနဲ့ ကိုကြီးကို မိတ်ဆက်ပေးချင်ခဲ့တာ။
"တောင်းပန်ပါတယ်ကို သက်တန့်မနက်ဖြန်မအားဘူး "
"ဘာလို့လဲ...မနက်ဖြန်ရုံးပိတ်ရက်လေ "
"သိပါတယ် ဒါပေမဲ့ မနက်ဖြန်က!.."
"ကျစ်..."
စကားကို အဆုံးထိတောင် မပြောရသေးဘူး။ ကျစ်ခနဲစုတ်သတ်ပြီး ထထွက်သွားသည်။ စိတ်မြန်လက်မြန်အကျင့်က အခုထိပျောက်မသွားသေးဘူး။
"ကို..."
"ဘာလဲ "
"လာထိုင်..."
"မထိုင်ဘူး ဒိတ်မယ်ဆိုမှ "
"စည်းရောပါမှာလား ဒိတ်ရင်..."
ကမ္ဘာ့မျက်နှာ ရှုံ့မဲ့သွားသည်။နှစ်ယောက်တည်းဒိတ်ချင်လို့ ကလေးကိုထားရစ်ဖို့စဉ်းစားခဲ့ပေမဲ့ စည်းကိုပါ ခေါ်ချင်နေသည့် သက်တန့်ကြောင့် မကျေမနပ်ဖြစ်နေသည့်ရုပ်က လျော့မသွား။
"ကိုကလည်း သုံးယောက်ဒိတ်ကြမယ်နော်..."
သက်တန့်က ပုံမှန်ထက် ချွဲ့နွှဲ့ကာ ပြောသည်။ သို့သော် သူအလျှော့ပေးဘဲ ဘာမှပြန်မပြောသေး။
YOU ARE READING
Right Person [Completed]