Part(10)

4.9K 153 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(10)✿

"မင်း ဒီနေ့ ဆေးခန်းပြရမယ်မဟုတ်လား ကိုယ်လိုက်ပို့မယ် "

"ဟင့်အင်း ကျွန်မဘာသာတစ်ယောက်တည်းသွားမယ် ဆေးရုံမှာ သောရှိတာပဲ "

သက်တန့်ငြင်းလိုက်တာကို ကမ္ဘာက ခေါင်းငြိမ့်လက်ခံ၏။ အရင်လိုဆို သက်တန့်လက်ကို အတင်းဆွဲပြီး ဒုန်းစိုင်းသွားမဲ့သူက အခုတော့ လိမ္မာပြနေ၏။

"ကိုယ် ဘာကူညီပေးရဦးမလဲ "

"ရတယ် ဦးကမ္ဘာ ကျွန်မ သားကိုဝင်ပို့ပြီးရင် ဆေးရုံတန်းသွားမှာ "

"ကောင်းပြီ အဆင်မပြေရင် ဖုန်းဆက်ပေး..."

သက်တန့်ဘာမှမပြောဘဲ ငြိမ်နေလိုက်၏။ သက်တန့်ဆီက အမှတ်ရဖို့ကြိုးစားနေတာသိသည်။ ဒါပေမဲ့ ချက်ချင်းပြောင်းလဲသွားတာကတော့ အိုဗာဖြစ်လွန်းတယ်လို့ထင်သည်။

သို့သော် အတွေးကို အရှည်မခံဘဲ သားကိုကျောင်းပို့ကာ ဆေးရုံကိုလာ၏။

သော မနက်ပိုင်းခွဲခန်းဝင်နေရ၍ သက်တန့်ခဏတော့ထိုင်စောင့်ရသေးသည်။

"‌ဟော...သက်တန့် ရောက်တာကြာပြီလား "

"ဟင့်အင်း ရတယ် ခဏကမှရောက်လာတာ "

"သွားရအောင် "

တာဝန်ခံဒေါက်တာဆီရောက်တော့ သက်တန့်အနာကို စစ်ဆေးသည်။

"ကောင်းပါတယ် နောက်ထပ်နှစ်ပတ်လောက်ဆို အတော်သက်သာနေပြီ အရိုးက ကျိုးသွားတာမဟုတ်လို့ မြန်မြန်‌ပြန်ကောင်းဖို့ဖြစ်လာတာ "

"ဟုတ်ကဲ့ "

ဆိုးကျိုးမရှိ၍ သောနဲ့သက်တန့်မျက်နှာ ပြုံးနေကြ၏။

"သက်တန့် အခုရက်ပိုင်း စိတ်ပျော်နေတယ်ထင်တယ် "

"အဟင်း "

သက်တန့်မငြင်းဘဲ ရယ်သာရယ်လိုက်၏။ သောပြောတာလည်းမှန်တာပဲ။

"သက်တန့် "

"ဟင် "

"သောကလေ သက်တန့်ဆုံးဖြတ်ချက်တိုင်းကို လက်ခံပေးမှာ ‌‌သက်တန့်အတွက် အန္တာရယ်ရှိတာဆိုရင်တော့ သောတားမှာဆိုတာ သက်တန့်သိတယ်မလား "

Right Person [Completed]Where stories live. Discover now