✿ R i g h t P e r s o n ✿
✿Part(6)✿
"ခြယ်..."
ဦးသက်က သုံးရောင်ခြယ်အနားတိုးကာ ဖက်မယ်လုပ်တော့ သုံးရောင်ခြယ်က ရှောင်သည်။
"ဦး ခြယ့်အပေါ်အမှားလုပ်ထားတယ်"
သုံးရောင်ခြယ်က ဦးသက်ကို ကျော်ကာ ဆိုဖာပေါ်စောင့်ကြောင့်ထိုင်သည်။
"ဟာကွာ ကိုယ်ဘာလုပ်လို့လဲ"
"ခြယ်ရဲ့ယောင်းမဟောင်း ဒီကုမ္ပဏီမှာ ရှိနေတာ ဘာလို့ ခြယ့်ကိုမပြောတာလဲ ဦး "
ပြီးတော့ ကမ္ဘာနဲ့ အတူခန့်တယ်။
"ကျစ်...လိုလို့လား ခြယ် သက်တန့်က ဘာလုပ်နိုင်မှာမလို့လဲ "
"ဦးမသိလို့လား သူက ခြယ့်ကိုအရမ်းမုန်းနေတာ ဒါကို ဦးက အလုပ်ခန့်လိုက်တယ် သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင် ခြယ်..."
သုံးရောင်ခြယ်စကားဆက်မပြောအောင် ဦးသက်က လက်ညိုးနဲ့ပိတ်လိုက်သည်။
"ခြယ်ရဲ့သားကို ပြန်ရဖို့ဆိုရင် ခြယ် သက်တန့်နဲ့ရင်ဆိုင်ရမှာပဲ ခြယ် "
"ခြယ်သိတယ် ခြယ်အလျော့မပေးဘူး "
ခြယ်စိုးရိမ်တာက ကမ္ဘာကို...သက်တန့်က ကမ္ဘာရဲ့လက်အောက်မှာ...အကယ်၍ ကမ္ဘာက သက်တန့်ကိုကြိုက်သွားရင်...မဖြစ်ဘူး အဲ့လိုအဖြစ်မခံနိုင်ဘူး။
"ဒါဆို ကိုယ့်ကို အလွမ်းဖြေခွင့်ပေးဦး "
သုံးရောင်ခြယ်အဖြေမပေးရသေးခင်မှာ အလွမ်းပြေ အနမ်းကြမ်းကြမ်းများကြောင့် ထိုအခန်းထဲမှာ အသံတွေတိတ်ကျသွားရသည်။
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
ဒီနေ့ည သော ညဂျူတီကျ၍ သက်တန့်တစ်ယောက်တည်း အခန်းတွင်း ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ အလုပ်များနေသည်။
"ဒီမှာရှင့် ဒီနေရာမှာ အိပ်လို့မရပါဘူး "
"ဒီမှာ "
အပြင်ဘက်က သူနာပြုဆရာမအသံကြား၍ သက်တန့်နားစွင့်ကြည့်တော့ သက်တန့်အခန်းရှေ့များလားဆိုတဲ့စိတ်နဲ့ တံခါးဖွင့်လိုက်တော့ ကမ္ဘာက နံရံကိုမှီပြီး ခေါင်းငိုက်စိုက်လျက်ထိုင်နေသည်။
KAMU SEDANG MEMBACA
Right Person [Completed]