Part(19)

3.8K 124 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(19)✿

"ဟင်းး "

သော ဒီနေ့ညဂျူတီမရှိ၍ တစ်ခါမှမသောက်ဖူးတဲ့အရက်တွေကိုသောက်ပြီး သက်ပြင်းလည်းခဏခဏချနေမိသည်။

ကိုယ့်ဘဝကိုလည်း စိတ်ညစ်တယ်။ သက်တန့်အပေါ် အမှားလုပ်မိထားလို့ စိတ်ညစ်တယ်။

သောက ချစ်ရသူတွေကို ‌ဘယ်လောက်ထိပေးဆပ်နေပါစေ သူတို့က နာကျင်စေခဲ့တာချည်းပင်။ သောကြောင့်ပျော်ရွှင်ရတယ်ဆိုတာမရှိဘူး။

အခုဆို ကိုယ့်အတွက်နဲ့တောင် မပျော်တော့။ အိမ်ကအမေက ဘယ်တော့လက်ထပ်မလဲဆိုပြီးမေးလာပြီ။ ‌ချစ်သူရှိရင်ခေါ်လာခဲ့။ မရှိရင် ကြင်ဖက်တွေ့ပေးတဲ့သူနဲ့ယူလိုက်ပါတဲ့။

သော ဘယ်လိုလုပ်ရမလဲ ကိုကြီးရယ်။

ဘာလုပ်ရမှန်းမသိ၍ တစ်ခွက်ပြီးတစ်ခွက်သောက်နေတာ လူကယိုင်ခွေလာပြီ။

ရှေ့ကမြင်ကွင်းကလည်း နှစ်ထပ်၊သုံးထပ်တွေဖြစ်ကုန်သည်။

"ဘာလဲဟ "

ဘယ်လောက်မှမသောက်ရသေးဘူးအထင်နဲ့ ခေါင်းကို ဖွဖွပုတ်ကာ ကိုယ့်ကိုကိုယ်သတိထားဖို့သတိပေးနေသည်။

"ယားးး...နူးညံ့သောရဲ့ဘဝက ‌‌**ရမ်းခက်ခဲတယ်"

မမူးခင်ကတောင် ဆဲတတ်သည့် နူးညံ့သောက မူးလာတော့ပိုဆိုးလေပြီ။

"ခက်ခဲတယ်...ကိုကြီးကိုတောင် အဝမချစ်ရသေးဘူး ဟင့် "

အကယ်ဒမီရသင့်ထဲမှာ နူးညံ့သောပါသင့်သည်။ ခဏနေရယ်လိုက် ခဏနေငိုလိုက်နဲ့ သရုပ်ဆောင်တော်တော်ကောင်းသည်။ ဘားမှာရှိတဲ့သူတွေကတောင် သတိထားမိပြီး ရယ်ရမလို ငိုရမလိုနဲ့။

ဒီဘားက ရန်ဖြစ်ခြင်း၊ကိုယ်ထိလက်ရောက်ပြုမူခြင်းကိုတားမြစ်ထားတာကြောင့် ဘယ်သူမှဆွဲလားရမ်းလားတော့မလုပ်ရဲပါ။

"ညီမလေး..."

"ကို.ကိုကြီးလား "

လူတစ်ယောက်က သောလက်ကိုကိုင်ပြီးခေါ်တော့ ‌ကိုကြီးအထင်နဲ့ မျက်နှာကိုကိုင်ဖို့လုပ်သည်။ မူးနေသည့်သူက ပါးကိုမကိုင်မိဘဲ မျက်လုံးကိုလက်နဲ့ထိုးမိသလိုဖြစ်သွားသည်။

Right Person [Completed]Where stories live. Discover now