✿ R i g h t P e r s o n ✿
✿Part(30)✿
"ဟေ့ မြန်မြန်လုပ်လေ အဲ့လောက်ထိနှေးကွေးနေတာ နေ့စားခပိုရချင်လို့လား "
သုံးရောင်ခြယ် ကြက်သွန်နီခွါနေရင်းမှ မကျေမနပ်မော့ကြည့်လိုက်သည်။ ကြက်သွန်နီရဲ့ အခိုးငွေ့တွေကြောင့် မျက်လုံးအိမ်မှာဘမျက်ရည်စတွေက တွဲလွဲခိုနေသည်။
"ဒီလောက်ထိအများကြီးကို တစ်ယောက်တည်းဘယ်လိုလုပ်မြန်မြန်ပြီးမလဲ "
"အံမာ နင့်ရှေ့ကလူတွေကိုကြည့်လိုက်စမ်း အခွံခွါပြီးလို့ လှီးတောင်လှီးနေကြပြီ...လုပ်နေတာကိုက လိပ်လိုအမြန်နှုန်းနဲ့ "
ဆိုင်မန်နေဂျာက အပေါက်ဆိုးသူမလို့ ခပ်စွာစွာပြောသည်။ ဘေးနားက မိန်းမတွေကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှ ပြဿနာထဲဝင်မပါချင်ကြသည်မလို့ ကိုယ့်အလုပ်ကိုလုပ်နေကြသည်။
"ရှင်က အပေါက်ဆိုးလှပါလား...ကျွန်မကလေ ဒီလုပ်အားခလေးကို ရချင်လို့လုပ်နေတယ်များထင်နေလား ဝေးသေး..."
"အံမာ ပိုက်ဆံလိုချင်လို့ အလုပ်လာလုပ်တာ နင်လေ...ငါကတော့ တန်ရာ တန်ရာထိတော့ ခိုင်းစားရမှာပဲ မလုပ်ချင်ရင် ထွက်သွား..."
သုံးရောင်ခြယ် ထိုမန်နေဂျာမိန်းမကို မကျေမနပ်ကြည့်ကာ ဓားကို ပစ်ချလိုက်သည်။
"ရှင်က လူပါးဝတာပဲ ကျွန်မလုပ်နေတာ နေ့တစ်ဝက်ကျိုးတော့မယ် အခုမှ ပိုက်ဆံမပေးချင်လို့ မဆမတန်ခိုင်းပြီး အလုပ်ထုတ်ချင်တယ်ပေါ့လေ "
"ဘာဖြစ်လဲ ထုတ်တော့..."
"ရတယ်..."
သုံးရောင်ခြယ် ကြက်သွန်တွေဆေးဖို့ထည့်ထားတဲ့ရေဇလုံကိုမကာ ထိုမိန်းမမျက်နှာကို ပက်ထည့်လိုက်သည်။
"အား...စပ် စပ်တယ် "
"မှတ်ပြီလား"
"ဒီကောင်မတော့...."
ထိုမိန်းမကမမြင်မစမ်းနဲ့ သူမအနားကိုလာကာ ဆံပင်ကို ဆောင့်ဆွဲသည်။
"နင်ကများငါ့ကို ဒီရေနဲ့ပက်ရဲတယ်ပေါ့လေ...လာခဲ့စမ်း"
ဆံပင်ကိုဆွဲခံရ၍ သူမအတော်ကိုနာကျင်နေပေမဲ့ အတင်းရုန်းသည်။
YOU ARE READING
Right Person [Completed]