Part(33)

4.3K 124 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(33)✿

"မအိပ်နိုင်ပါဘူး ကျွန်မ မမူးဘူးလို့ပြောနေတာပဲ"

‌သံပရာရည်ကြောင့် ခေါင်းအနည်းငယ်ကြည်လင်လာပြီဖြစ်၍ ကမ္ဘာ့စကားကို ဖီဆန်ကာ အိပ်ယာပေါ်ကဆင်းသည်။

အခုချိန် သူ meetingမှာရှိနေမှာဆိုတော့ သက်တန့် သူ့စားပွဲနားလာပြီး ဟိုကြည့်ဒီကြည့်နဲ့စပ်စု၏။

စားပွဲပေါ်မှာ ဖိတ်စာတစ်ခုတွေ့လိုက်တာကြောင့် ယူကြည့်လိုက်၏။

"Royalက ဖိတ်တဲ့ပါတီပဲ "

ဒိတ်ကိုကြည့်လိုက်တော့ မနက်ဖြန်ညတက်ရမှာပင်။ Royalပိုင်ရှင်က အမျိုးသမီး‌တစ်ယောက်လေ။ ဘာလို့ ကို့ဆီကို တကူးတက ဖိတ်စာပို့တာလဲ။

တမင်ရင်းနှီးချင်တာများလား။

သက်တန့် ဖိတ်စာကို သူ့နေရာသူပြန်ထားကာ တခြားဖိုင်တွေကို ယူကြည့်သည်။ စားပွဲပေါ်မှာ အလုပ်ဖိုင်တွေကလွဲရင် ကျန်တာ မတွေ့ရ။

သက်တန့် စားပွဲအောက်က အံဆွဲကို ဖွင့်ကြည့်သည်။ သောမခတ်ထားတာမို့ အလွယ်တကူပွင့်သွား၏။

စားပွဲထဲမှာ ဘူးလေးတစ်ခုကလွဲရင် ဘာဆိုဘာမှမရှိပါ။ မိန်းမတို့သဘာဝအတိုင်း ဖွင့်ကြည့်မိတော့ သက်တန့်မျက်ဝန်းတို့ဝိုင်းစက်သွားရသည်။

စိန်လက်စွပ်တစ်ကွင်း...

လက်စွပ်က ရိုးရိုးလေးဆိုပေမဲ့ ဒါက ‌လက်ထပ်ခွင့်တောင်းဖို့အတွက်ဆိုတာ သေချာသည်။

သက်တန့်အတွက် ကို ဒီလိုပြင်ဆင်နေပြီဆိုတာ မယုံနိုင်သေးဘူး။ သက်တန့်ထင်တာ သက်တန့်တို့ လက်ထပ်တာကို စဉ်းစားဖို့လိုသေးတယ်လို့လေ။

သက်တန့် စိတ်လှုပ်ရှားလွန်း၍ အသက်ရှူသံတွေမြန်လာသည်။ လက်စွပ်ဘူးကို သူ့နေရာနဲ့သူပြန်ထည့်လိုက်ပြီး ထရပ်လိုက်၏။

လက်ထပ်လက်စွပ်ကိုမြင်ယုံနဲ့တင် စိတ်လှုပ်ရှားနေတာ။ လက်ထပ်ခွင့်တောင်းရင် ဘယ်လိုနေရမယ်ဆိုတာ မသိတော့။

"ဒေါက် ဒေါက် "

အပြင်ဘက်မှာ ခြေသံတွေကြားလိုက်ရသဖြင့် သက်တန့် နားနေခန်းထဲ အမြန်ပြေးဝင်ကာ အိပ်ယာပေါ် ဝုန်းဒိုင်းတက်ပြီး ခေါင်းမြီးခြုံလိုက်၏။

Right Person [Completed]Where stories live. Discover now