✿ R i g h t P e r s o n ✿
✿Part(18)✿
"ရှင့်ရဲ့သရုပ်မှန်က ဘာလဲ..."
"ချစ်!..."
အနားကိုရောက်လာပြီး သက်တန့်လက်ကိုဆွဲဖို့လုပ်နေပေမဲ့ မသိစိတ်က ဖယ်ထုတ်ပစ်သည်။
"မထိနဲ့..."
"ချစ် ကိုယ်ရှင်းပြမယ် "
"ကျွန်မ နားကြားမှားတာ မဟုတ်ဘူး...သေချာကြားလိုက်ရတာ ရှင်နဲ့သုံးရောင်ခြယ်က ဘာတွေလဲ ဦးသက်ကရော..."
"ချစ် ကိုယ်..."
"ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ကျွန်မမေးတာဖြေ..."
ကိုအတော်သွေးပျက်နေတာကို သက်တန့်မြင်နေရသည်။ အမြဲတမ်းသက်တန့်စကားနားထောင်ပြီး သက်တန့်ပြောသမျှနာခံတတ်တဲ့ကို့ရဲ့မျက်ဝန်းတွေက ကြောက်ရွံ့နေသည်။
"ကမ္ဘာ့သိမ်းပိုက်..."
"ကိုယ်!...သုံးရောင်ခြယ်နဲ့ ဦးသက်က လက်ထပ်ထားတာ...ကိုယ်က သုံးရောင်ခြယ်နဲ့ ချစ်သူဖြစ်ဖူးတယ် ဒါမဲ့ ဒါကကြာပါပြီ ချစ်!.."
"အချစ်ဦးပေါ့..."
လှောင်ရယ်လိုက်တာ သက်တန့်ဆိုပေမဲ့ သက်တန့်က ပိုနာကျင်ရသလိုပဲ။
"တောင်းပန်ပါတယ် မပြောပြခဲ့လို့ "
သက်တန့်ကမ္ဘာကြီး ရပ်တန့်သွားသလိုပဲ။ ကို့ရဲ့စကားသံတွေက နားထဲမှာ တဝဲဝဲလည်နေသည်။
ဒါဆို သက်တန့်က ကိုယ်အရမ်းမုန်းနေတဲ့သူရဲ့ အချစ်ဦးကိုမှ ချစ်မိခဲ့တာလား...
"ချစ်..."
"မခေါ်နဲ့..."
သုံးရောင်ခြယ်ရဲ့အချစ်ဦးဆိုတာနဲ့တင် သက်တန့် သူ့မျက်နှာမမြင်ချင်တော့ဘူး။
"တောင်းပန်ပါတယ် ပြောဖို့ပြင်နေပေမဲ့ မပြင်ဆင်ရသေးဘဲ သိသွားတယ် "
"မနေ့က သောနဲ့ပြောနေတဲ့အကြောင်းအရာက ဒါလား "
"ကြားသွားတာလား "
စိုးရိမ်နေတဲ့ သူ့မျက်နှာကိုကြည့်ပြီး ထပ်မံလှောင်ရယ်မိပြန်သည်။
"ကျွန်မကို ရှင်းပြနိုင်မလား "
ပေါက်ကွဲမယ်လို့ထင်ထားပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာသည့် သက်တန့်ကြောင့် ကမ္ဘာအားတက်သွားရသည်။
YOU ARE READING
Right Person [Completed]