✿ R i g h t P e r s o n ✿
✿Part(23)✿
"စည်း!..."
သက်တန့်ဒေါသတကြီးအော်ခေါ်ကာ လမ်းကို အမြန်ပင်ကူးလာသည်။
ပုံရိပ်ကနီးလာလေ ပိုပြီးထင်ရှားလာလေဖြစ်သည်။
စည်းကပျော်နေတာ...မျက်နှာက ရယ်နေပြီးသုံးရောင်ခြယ်နဲ့ရှိနေရတာ ပျော်ရွှင်နေသည်။ သူတို့ဘယ်တုန်းကဒီလောက်ရင်းနှီးသွားတာလဲ။ ရင်းနှီးဖို့ခဲရင်းသည့်စည်းက...
"စည်း!!..."
ကုမ္ပဏီအရှေ့လည်း သက်တန့်မရှက်နိုင်ဘဲ စည်းနာမည်ကိုအော်ခေါ်လိုက်တော့ အလန့်တကြားလှည့်ကြည့်လာသည့် မျက်နှာလေးမှာ အနည်းငယ်လန့်သွားပေမဲ့ ဖြူစင်မှုတွေ ပါဝင်နေသည်။
"စည်း...."
"မေမေ "
စည်းက သက်တန့်ဆီပြေးလာသည်။ သက်တန့်တင်းကြပ်စွာဖက်ပြီး သုံးရောင်ခြယ်ကို စူးခနဲကြည့်တော့ ဘာမှမလုပ်ထားသူလို အပြစ်ကင်းစင်ချင်ယောင်ဆောင်နေသည်။
"ရှင် ဘာလို့ သားကိုခေါ်ထုတ်ခဲ့တာလဲ...သားရဲ့ကျောင်းကိစ္စတွေထိ လိုက်ပြီးရှုပ်နေတာလား "
"စကားကိုသေချာပြော သက်တန့်...ငါကဝင်ရှုပ်နေတာမဟုတ်ဘူး ငါ့သားကို ငါတွေ့ဖို့ အကြောင်းပြချက်နဲ့တင်လုံလောက်တယ် "
"ဘာ! သား...ဘယ်လိုစိတ်မျိုးနဲ့ပြောထွက်ရက်တာလဲ ပြီးတော့ သားရှေ့မှာ "
စည်းရဲ့နားတွေကို ဖိကပ်ပိတ်ပြစ်လိုက်ရင်း သုံးရောင်ခြယ်ကိုအော်သည်။
"သားသိပြီးသား...ငါက သားရဲ့အမေအရင်းဆိုတာကို "
"ဘာ!..."
သက်တန့်အလန့်တကြားဖြစ်သွားကာ စည်းကိုကြည့်တော့ စည်းမျက်နှာညိုးကျသွားကာ ခေါင်းငုံ့နေ၏။
"ရှင်...ဒါ.ကို ကလေးကို "
သက်တန့်ဘာမှမပြောနိုင်လောက်သည်အထိ အသက်ရှူကြပ်လာသလိုခံစားလိုက်ရသည်။ သုံးရောင်ခြယ်က သူကိုယ်တိုင်စွန့်ပြစ်ခဲ့တာကို ဝမ်းသာအားရနဲ့သားဖြစ်သူကို ဖွင့်ပြောပြီးပြီတဲ့။
YOU ARE READING
Right Person [Completed]