✿ R i g h t P e r s o n ✿
✿Part(31)✿
"ဒီတိုက်ခန်းလား..."
ကမ္ဘာက လက်ဂေ့ကိုဆွဲလိုက်ရင်းမှ ခေါင်းငြိမ့်ပြသည်။ သက်တန့်ကိုခေါ်လာတာ အရင်တစ်ခါက သက်တန့်ကို သဝန်ကြောင်ပြီး အတင်းနမ်းခဲ့တဲ့ကွန်ဒိုပဲ။
"မေမေ ဦးဦးကွန်ဒိုက အကြီးကြီးပဲ...သားတို့အရင်ကတိုက်ခန်းထက် အများကြီး ကြီးတယ်"
"သားက နေရာအကျယ်ကြီးမှာနေရတာ ပိုပျော်တာလား..."
"မဟုတ်ပါဘူးဗျာ...သားက မေမေနဲ့နေရတာ ပိုပျော်တယ် "
"ဒီကလေး စကားတွေတော်တော်တတ်နေပါလား..."
စည်းက ရှက်ပြုံးလေးနဲ့ခေါင်းငုံ့သွားသည်။ ပြီးမှ မော့ကြည့်လာကာ...
"သားကို ဦးဦးသင်ပေးတာ "
"ဪ လက်စသတ်တော့ တရားခံက ရှင်ဖြစ်နေတာကိုး "
"စိတ်မဆိုးနဲ့ကွာ...ကိုယ်က သားကိုချွဲနည်းလောက်ပဲ သင်ပေးတာပါ "
ကမ္ဘာက သက်တန့်ပုခုံးကို ဆွဲဖက်လိုက်ရင်း တိုးတိုးလေးဆိုလာသည်။ သက်တန့် သူ့ကို တံတောင်နဲ့တွန်းထုတ်လိုက်ပြီး စည်းလက်ကိုဆွဲကာ ရှေ့ကလာခဲ့၏။
"ကိုယ့်ကိုစောင့်ဦးလေ "
ကားရှေ့ခန်းမှာ တောင့်တောင့်လေးရပ်နေရသည့် ရှင်းရှင်းက ကားပေါ်ကဆင်းရမလား ထိုင်နေရမှာလားဆိုတာ ဝေခွဲမရ။
"ငါသာလိုက်သွားရင် တစ်ကယ်အလုပ်ပြုတ်လောက်တယ် "
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
"သုံးသုံး နင်မပြီးသေးပြန်ဘူးလား"
"ပြီးနေပြီ..."
သုံးရောင်ခြယ်ကို ဒီကလူတွေခေါ်ကြတာ သုံးသုံးတဲ့။ အလုပ်လုပ်ရင် နှေးကွေးလွန်းတာကြောင့် သုံးသုံးဆိုပြီးခေါ်ကြ၏။
အမှန်က သူတို့ခေါ်တာက တုံးတုံး။ သူမဘာသာ နာမည်ကို မှတ်ယူလိုက်တာဖြစ်သည်။
"ပြီးရင် ပန်းကန်တွေဆေးဦး ပိုက်ဆံပိုပေးမယ် ဟုတ်ပြီလား..."
အရင်က သုံးရောင်ခြယ်အပေါ်အပေါက်ဆိုးလှသည့်မန်နေဂျာက သဘောအနည်းငယ်ကောင်းလာသည့်အကြောင်းအရင်းက ဦးသက်ကြောင့်။ ထိုမန်နေဂျာကို ဦးသက်က အသက်ဘေးကနေ ကယ်ထားတာကြောင့်သာ ဦးသက်မိန်းမဖြစ်တဲ့သူမကို အလျှော့ပေးထားခြင်းဖြစ်၏။
YOU ARE READING
Right Person [Completed]