✿ R i g h t P e r s o n ✿
✿Part(8)✿
"သက်တန့် ဘယ်တုန်းက ဦးကမ္ဘာ့သိမ်းပိုက်က သက်တန့်ရည်းစားဖြစ်သွားရတာလဲ "
"ဘယ်လို သော...ဦးကမ္ဘာက သက်တန့်ရည်းစား"
ညနေအစောပိုင်း သားကိုကျောင်းသွားကြိုရန် မိနစ်နှစ်ဆယ်လောက်အလိုမှာ သော ရုတ်တရက်ရောက်လာပြီး မေးခွန်းထုတ်သည်။
သောထုတ်တဲ့မေးခွန်းကို သက်တန့်ပင် နားမလည်။ သောဘယ်ဆီကကြားခဲ့ရတာလဲ။
"သောဘယ်ကကြားခဲ့တာလဲ "
သက်တန့်ရဲ့မျက်ဝန်းကိုအကဲခတ်ကြည့်တော့ အမှန်တစ်ကယ်ပင် မသိသေးသည့်ပုံစံမလို့ သောစဉ်းစားစရာတွေများလာသည်။
"သော...ဘယ်ကကြားခဲ့တာလဲလို့ သက်တန့်မေးနေတယ်"
"ဒေါ်ချိုဆီက "
"ဘာ!..."
"ဟုတ်တယ် ဒေါ်ချိုက သောကိုပြောတယ် ဦးကမ္ဘာ့သိမ်းပိုက်က ဒေါ်ချိုကို သက်တန့်က သူ့ရည်းစားပါဆိုပြီး နှုတ်ဆက်တယ်တဲ့ သက်တန့်အိမ်ကို သူဘယ်လိုသိသွားတာလဲ "
"..."
ပြောစရာစကားပျောက်ဆုံးနေသည့် သက်တန့်ရဲ့လက်ကို ကိုင်လိုက်ရင်း...
"သောပြောတာ သက်တန့်ကို စိတ်ပူလို့ပါ...
သူ ဒီလိုတွေပြောနေတာ သက်တန့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ် အများရဲ့အမြင်မှာ သက်တန့်ကို အထင်သေးတဲ့အကြည့်တွေနဲ့မြင်ကြမှာ သောမလိုလားဘူး ""သက်တန့်ရှင်းမှာပါသော...အခုကိုသွားရှင်းမယ်"
သက်တန့်လို ကလေးတစ်ယောက်အမေကို သူချစ်တယ်ဆိုပြီး လုပ်ချင်ရာလုပ်ပြောချင်ရာပြောနေတာ သက်တန့်မခံနိုင်ပေ။ အဲ့လိုပါးစပ်သရမ်းတာကို သက်တန့်မကြိုက်။ သူပိုင်သလို ပြုမူနေတာကိုလည်းမုန်းသည်။
"ဦးကမ္ဘာ ဦးကမ္ဘာ..."
သက်တန့်အခန်းနဲ့ကပ်လျက်အခန်းကို တံခါးခေါက်ပြီး အော်ခေါ်နေသည့် သက်တန့်ကြောင့် သောမျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။
"ကမ္ဘာ့သိမ်းပိုက်က ဒီမှာနေတာ သောဘာလို့မသိရတာလဲ သက်တန့် သောကို ဖုံးကွယ်ထားတာတွေထပ်ရှိနေတာလား "
VOCÊ ESTÁ LENDO
Right Person [Completed]