Part(2)

9.1K 283 0
                                    

     ✿ R i g h t  P e r s o n ✿

               ✿Part(2)✿

"ရှင်. ရှင် ဘာလို့ရိုက်လိုက်တာလဲ "

အပြင်ရောက်မှ သက်တန့်သတိဝင်လာပြီး လက်ကိုအတင်းရုန်းကာ ကမ္ဘာကိုမေးခွန်းထုတ်သည်။

"ငါသာဝင်မဆွဲရင် မင်းအခု ဘဝပျက်နေလောက်ပြီ ‌ဒီလိုနေရာကိုခေါ်တိုင်း ယုံကြည်ပြီးလိုက်လာစရာလား "

"ရှင်နဲ့ဆိုင်လို့လား "

ပြန်မေးလာသည့်မေးခွန်းက ကမ္ဘာ့ကို ဒေါသထွက်စေသည်။ လူယုတ်မာလက်ထဲက ကယ်တင်လာတာကို ကျေးဇူးမတင်တဲ့အပြင် ပြောလာသည့်စကားက ‌ရှင်နဲ့ဆိုင်လို့လားတဲ့။

"မင်း စေတနာကို မစော်ကားနဲ့ "

"မစော်ကားပါဘူး ဒီနေရာလာတယ်ဆိုတာက အလုပ်ကိစ္စကြောင့်လာတာ...ရှင်ကဘာသိလို့လဲ"

"မသိဘူး...ငါက ပြုစုဖို့လာတယ်ထင်နေတာ "

"ဖြန်း "

စကားပြောတာလွန်လာ၍ လက်ကချက်ချင်းတုန့်ပြန်သည်။

"ဒါက စော်ကားရာရောက်သွားပြီ..."

"မင်း..."

ကမ္ဘာမျက်နှာကြီးရဲလာကာ ဒေါသအတော်ထွက်သွားရသည်။ ရိုက်ခံလိုက်ရသည့်အတွက် လုံးဝမကျေနပ်။

"ကူညီတာ ကျေးဇူးတင်ပေမဲ့ နောက်ခါ ဝင်မပါပါနဲ့ ကျွန်မကိစ္စ ကျွန်မဘာသာရှင်းမယ် "

"အဟက် "

သူမစကားကြောင့် ကမ္ဘာမျက်မှောင်ကြုတ်သွားရသည်။ သူမထွက်သွားပြီးမှ သတိဝင်လာကာ မျက်နှာထက်မှာ ပေါ်လာတာက အပြုံးတစ်ခု။

"စိတ်ဝင်စားစရာပဲ "

✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿

"သက်တန့်တောင်းပန်ပါတယ် ဦးထွဋ် "

ယုံကြည်ရာဆေးရုံရဲ့VIPအခန်းတစ်ခုမှာ သက်တန့် ဦးထွဋ်ကို‌တောင်းပန်ဖြစ်သည်။ သက်တန့်မှားခဲ့သည့်အမှားမဟုတ်၍ မတောင်းပန်ဘူးလို့ဆုံးဖြတ်ခဲ့ပေမဲ့ သက်တန့်သာမတောင်းပန်ရင် သက်တန့်တရားဆွဲခံရမည်ဖြစ်၍ မာနကိုဘေးချိတ်ကာ မျက်စိမှိတ်တောင်းပန်ခြင်းဖြစ်သည်။

Right Person [Completed]Where stories live. Discover now