✿ R i g h t P e r s o n ✿
✿Part(22)✿
"တစ်ကယ်လို့ ကိုကမ္ဘာသာသက်တန့်ကိုတစ်ကယ်ချစ်ရင် နားလည်အောင်ကြိုးစားရလိမ့်မယ်"
"သေချာတာပေါ့ "
ကမ္ဘာ ကိုထက်ကို သေချာစွာပြောလိုက်မိ၏။ ပြီးတော့ ကတိပါပေးလိုက်သေးသည်။
သူ့အမုန်းတွေကိုတောင် ခက်ခက်ခဲခဲနဲ့နာကျင်စွာမေ့ထားခဲ့ပြီးမှ သက်တန့်ကိုရွေးချယ်ခဲ့တာ။ သက်တန့်ကိုတော့ မဆုံးရှုံးချင်ဘူး။
"ရှင် ဘယ်လိုရောက်လာတာလဲ"
နောက်ကနေထွက်လာသည့်ကမ္ဘာကြောင့် သောအလန့်တကြားဖြစ်သွားကာ ထရပ်မိသည်အထိ။
"အစကတည်းက ဒီမှာရှိနေတာ "ကိုထက်ကြားဝင်ပြီးဖြေပေးသည်။ ဒါဆို သက်တန့်နဲ့ပြောတာတွေအကုန်ကြားသွားခဲ့တာပေါ့။
"ကိုထက် ရှင့်အကြံလား "
သော မျက်နှာပေစောင်းစောင်းနဲ့လှည့်မေးတော့ သူမဟုတ်သလိုနဲ့ အကြည့်တွေကိုရှောင်သွားသည်။
"ကျွန်တော်ကတိပေးပါတယ် သက်တန့်ကို အဲ့ဒီနာကျင်မှုကနေ ဆွဲထုတ်ပေးမယ်...သုံးရောင်ခြယ်ကြောင့် ကျွန်တော်သက်တန့်ကိုကျောမခိုင်းဘူး ကတိပေးတယ် "
သူ လေးလေးနက်နက်နဲ့တည်ငြိမ်စွာပြောတော့ သောဘာမှမပြောနိုင်ဘဲငြိမ်သွားသည်။ ပြီးမှ...
"သက်တန့်ကို ပျော်အောင်လုပ်ပေးပါ "
ကမ္ဘာခိုင်မာစွာ ကတိပေးခဲ့သည်။
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
CEOကကလောကို အလုပ်ကိစ္စနဲ့ခရီးထွက်သွားရသဖြင့် CEOအစား သုံးရောင်ခြယ်က ကုမ္ပဏီကိုဦးစီးနေသည်။
ကုမ္ပဏီမှာ ဦးသက်မရှိတော့ သူ့ရုံးခန်းထဲကို ခဏခဏအဝင်အထွက်လုပ်နေသည်။ အစပိုင်း အထက်လူကြီးမို့ သက်တန့်ရော သူရောဘာမှမပြောပေမဲ့ နေ့တိုင်းလာတာကတော့ လွန်လွန်းသည်။
"ခင်ဗျားမှာ အချိန်ပေါသောနေရင် ဆိုက်ထဲသွားကြည့်ပါလား "
"မောင်လိုက်ပို့ရင် သွားမယ် "
သက်တန့်ရှေ့မှာပင် ထိုစကားကိုပြောလာသည်။ သက်တန့်ဆီကနေ သူ့ဆီကိုလုယူမယ်လို့ပြောကတည်းက ပေါ်ပေါ်တင်တင်ကို ပြုမူလာတာဖြစ်သည်။ ဦးသက်မရှိတော့ပိုဆိုးတာပေါ့။
YOU ARE READING
Right Person [Completed]