Part(32)

4.3K 132 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(32)✿

"သက်တန့် ထတော့..."

နားနေခန်းမှာ ဘယ်လောက်ထိအိပ်ပျော်သွားသည်မသိ။ ကမ္ဘာအနီးနားထိ ကပ်ကာ အခါခါလှုပ်နိူးမှ နိုးလာသည်။

"ဟင် ပြီးပြီလား "

သူခေါင်းငြိမ့်လိုက်၏။ သက်တန့်ကပြောစကားနဲ့အညီ ရောက်လာကတည်းက ကော်ဖီသောက်လိုက်မုန့်စားလိုက်ဖြင့် သူအလုပ်လုပ်နေတာကို တစ်စက်လေးမှလာမကြည့်ပါ။

ပြီးတော့ သူလိုအပ်တာတွေအတွက် ဝန်ထမ်းတွေနဲ့အစည်းအဝေးလုပ်နေစဉ် နားနေခန်းမှာ ဗိုက်တင်းပြီး အိပ်ပျော်သွားတာဖြစ်၏။

"အား...ညနေတောင်ရောက်နေပြီလား "

"မင်း ဒီလိုအိပ်ပုံမျိုးနဲ့ဆို မကြာခင် ဝိတ်တော်တော်တက်လာမှာပဲ "

"တစ်နာရီခွဲက ဝိတ်အဲ့လောက် မတက်စေပါဘူးရှင် "

သက်တန့်က သူမခန္ဓာကိုယ်အကြောင်းကို ကောင်းကောင်းသိ၍ ယုံကြည်ချက်ရှိစွာပြောသည်။

"တစ်နာရီခွဲတောင်အိပ်လိုက်တာဆိုတော့ အားအတော်ရှိလာမှာပဲ "

"အင်းလေ ရှိတာပေါ့ အိပ်ရေးဝလေ အားရှိလေပဲ..."

"ဒါဆို မင်းအားအင်တွေ ချိနဲ့သွားတဲ့အထိ ပြန်သုံးပေးမယ် "

"ဟင်!..."

သက်တန့်ကနားမလည်၍ မျက်လုံးလေးပြူးကာ ကြောင်သွား၏။ သူ လူယုတ်မာအပြုံးနဲ့အတူ သက်တန့်ဂုတ်ပိုးကို အသာထိန်းကိုင်ပြီး နှုတ်ခမ်းကို စုပ်ယူနမ်းရှိုက်လိုက်၏။

"အွန်း...အ "

သက်တန့်ခဏတော့ ထိတ်လန့်စွာ ရုန်းကန်မိပေမဲ့ ကြာလာတော့ သူ့အနမ်းကိုယဉ်ပါးလာကာ ရှောင်ဖယ်ခြင်းမပြုတော့ဘဲ အနမ်းတွေကိုပါ တုန့်ပြန်နေမိသည်။

သက်တန့်တို့နမ်းနေရင်းမှ ကျောပြင်နဲ့အိပ်ယာထိသွားတဲ့အထိအတွေ့ကြောင့် အသိစိတ်ဝင်လာကာ တွန်းဖယ်ဖို့လုပ်လျှင် သန်မာလှသည့်လက်တစ်စုံက သက်တန့်လက်တွေကို ဖမ်းချုပ်ထားသဖြင့် ဘယ်လိုမှရုန်းလို့မရ။

Right Person [Completed]Where stories live. Discover now