✿ R i g h t P e r s o n ✿
✿Part(27)✿
"တွင် တွင်..."
ရေချိုးပြီးကာစ အဝတ်လဲဖို့ကြံရွယ်နေတုန်း မက်ဆေ့ခ်ျသံဆက်တိုက်ဝင်နေ၍ သက်တန့်အဝတ်အရင်မလဲဘဲ ဖုန်းကို အရင်ယူကြည့်လိုက်သည်။
ဓာတ်ပုံတွေ။ တိတိကျကျပြောရမယ်ဆိုရင် စည်းနဲ့ကမ္ဘာတို့ရဲ့ဓာတ်ပုံ။
သက်တန့်မျက်မှောင်ကြုတ်သွားရသည်။ စည်းနဲ့ကမ္ဘာရဲ့ပုံပဲဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘဲ ကြည်နူးမိမှာပင်။ အခုက သုံးရောင်ခြယ်ပါ ပါနေသည်။
ဓာတ်ပုံတိုင်းမှာ သုံးရောင်ခြယ်ပါနေပြီး အားလုံးက ပြုံးရွှင်နေသည်။ပြီးတော့ နေရာမျိုးစုံမှာ ရိုက်ထားကြတာ။
*ဘယ်လိုလဲ ကြည့်ကောင်းရဲ့လား*
စာမက်ဆေ့ခ်ျရောက်လာသည်။ သက်တန့်မျက်ခုံးကို တမင်ပင့်တင်လိုက်ပြီး စာပြန်လိုက်သည်။
*ရှေ့ကလူမပါရင် ကောင်းမှာပဲ *
*ဆောရီး မောင်ကအတင်းခေါ်လို့ မရိုက်ချင်ဘူးပြောနေတာကို အတင်းရိုက်ခိုင်းတယ်လေ *
*ဪ...အတင်းရိုက်ခိုင်းတဲ့သူက ဘာလို့ ပုံတိုင်း ကင်မရာကို လှည့်မကြည့်တာပါလိမ့် ထူးဆန်းတယ် သူတို့ကဘာလို့ ရှင့်ကို ဂရုမစိုက်ဘူးလို့ ထင်နေမိတာလဲ *
သက်တန့်မေးခွန်းပြန်အမေးမှာ စာပြန်မလာတော့ပါ။ ဟက်ခနဲရယ်ချလိုက်ပြီး ဖုန်းကို ပြစ်ချကာ အဝတ်လဲဖို့ထွက်လာခဲ့သည်။
သက်တန့်နဲ့သူ့ကို ကွဲစေချင်တာကို ဘာလို့ လိုက်ပြီး ကူပေးရမှာလဲ?
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
"အဟက် တောက်စ်..."
သုံးရောင်ခြယ်စိတ်တိုစွာ ဖုန်းကို စားပွဲပေါ်အကြမ်းပတမ်းပြစ်ချသည်။
"CEO ပြဿနာတက်ပါပြီ "
သုံးရောင်ခြယ် အတွေးထဲမှာစိတ်တိုနေစဉ် အတွင်းရေးမှူးက အပြေးအလွှားရောက်လာကာပြောသည်။
"ဘာကိစ္စလဲ "
မျက်မှောင်ကြုတ်ကာ စိတ်မရှည်သလိုမေးလိုက်တော့ အတွင်းရေးမှူးက ကြောက်ကြောက်လန့်လန့်နဲ့တခွန်းချင်းပြောလာသည်။
YOU ARE READING
Right Person [Completed]