✿ R i g h t P e r s o n ✿
✿ Extra Part✿
လက်ထပ်ပြီးနောက်...
"အေ့...ဝေါ့ "
လက်ထပ်ပြီး တစ်လတောင် မကြာသေးတဲ့အချိန်မှာ သက်တန့်မှာကိုယ်ဝန်ဆောင်တို့ရဲ့လက္ခဏာပြလာပြီ။
(ပြောချင်တာက ကမ္ဘာအချစ်ကြမ်းတာကိုပါ။ စမိုင်းလ်က ဘယ်လိုမှောင်ပေးရမလဲ မသိလို့ ဒီလိုရေးထားတာ)
"သက်တန့်အဆင်ပြေရဲ့လား "
သက်တန့်က ပြန်မဖြေနိုင်။ ထို့ကြောင့် သက်တန့်ကို ကမ္ဘာက ပွေ့ချီသွားသည်။
"ရှင် လွှတ်..."
သူအားတွေ အကုန်ဖြုန်းပစ်တာ။ သက်တန့်မှာ လမ်းတောင်မလျှောက်နိုင်တော့။ ဒီကြားထဲ အစာမြင်ရင် အန်ချင်တာကြောင့် လူကပျော့ဖတ်နေသည်။
"ဒါက ရှင့်ကြောင့်ပဲ...ကျွန်မအားမရှိတာသိရက်နဲ့..."
သက်တန့်က ဆက်မပြောဘဲ နှုတ်ခမ်းကိုကိုက်သည်။ အရင်က ဂရုတစိုက်ကျွေးမွေးတာတွေက ကြိုတင်ကြံစည်ထားတယ်လို့တောင် ထင်နေမိသည်အထိ။
"ကိုယ် သောကို ခေါ်လိုက်မယ် "
"မခေါ်နဲ့ "
"ဒါဆို ဆေးရုံခေါ်သွားရမလား "
"မသွားဘူး..."
"အေး မင်းအဲ့လို ခေါင်းမာနေလို့...အားမရှိတာ"
ကြည့်ပါလား...လက်မထပ်ခင်ကဆို အရမ်းကြင်နာခဲ့သလောက် လက်ထပ်ပြီးတော့ သူ့ရဲ့ပုံစံအမှန်ပေါ်လာပြီ။
"မသွားဘူး "
"သောကို လှမ်းခေါ်လိုက်မယ် "
ကမ္ဘာက အသိပေးပြီး အပြင်ထွက်သွားသည်။
အထဲမှာ ကျန်ခဲ့သည့် သက်တန့်မှာသာ ငိုမဲ့မဲ့နဲ့ စောင်ကို ခေါင်းထိခြုံကာ အိပ်လိုက်သည်။"သွား...အပြောနဲ့အလုပ်က တခြားစီ...နှာဗူးကောင် "
"ကိုယ့်ကို နှာဗူးလို့ပြောလိုက်တာလား "
ကမ္ဘာ့အသံကြားလိုက်ရ၍ သက်တန့်တုန်သွားသည်။ သူပြန်ရောက်လာတာပဲ။
"ဟုတ်တယ် နှာဗူး...ရှင့်ကိုကြောက်လို့ဘယ်တော့မှ အားပြန်မမွေးဘူး "
YOU ARE READING
Right Person [Completed]